Sunday, November 1, 2015

Coolpad 7060S Display & IMEI null Errors Fix

Coolpad 7060S တွေကို Firmware ပြန်တင်ရာမှာ ဖြစ်တတ်တဲ့ error တွေက
Display ဖွေးသွားတာရယ် IMEI null ဖြစ်သွားတာရယ်ပါ။ တခါတလေ ResearchDownload အဆင်မပြေရင်လည်း Fail ဖြစ်တတ်ပါတယ်။
ResearchDownload ကိုအောက်ကလင့်က version ကိုသုံးပါ။
http://d-h.st/h9Ok
IMEI null မဖြစ်အောင် Firmware တင်တဲ့အခါ Setting ထဲ Backup ထဲမှာ
NV_W
ProdNV
PhaseCheck တို့ကို အမှန်ခြစ်ဖြုတ်ပြီးတင်ပါ။အောက်မှာပုံတင်ပေးထားပါတယ်။
Display ဖွေးသွားရင်တော့ အောက်ကလင့်က PAC File နဲ့ပြန်တင်ပေးပါ။
http://d-h.st/Vgds
အားလုံးအဆင်ပြေပါစေ။



Saturday, October 24, 2015

Tuesday, September 29, 2015

Coolpad 7251, Coolpad 5200S , Coolpad Y60-C1 Firmware Flashing Error

Coolpad 7251, Coolpad 5200S , Coolpad Y60-C1 တွေမှာ Firmware တင်ရင် ပြသနာက Driver မသိတာပဲ။ Driver သွင်းထားလည်း Driver မသိတာဖြေရှင်းဖို့ အောက်က link မှာပေးထားတဲ့ File လေးကို Down ပြီး zip ဖြည် ။ ရလာတဲ့ file နှစ်ဖိုင် ကို SD Card ထဲ Copy ကူး၊ SD Card ကို Phone ထဲထည့်ပြီးမှ Firmware တင်ပါ။ Firmware တင်ပြီးရင်တော့ SDCard ထဲက File နှစ်ခုကိုပြန်ဖျက်ပေးမှ Firmware တက်မှာဖြစ်ပါတယ်။
<<Download Here>>

Monday, July 27, 2015

Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက်

Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်း။ ဆောဝဲမလို အင်တာနက်လိုင်းမလို ပိုက်ဆံမစားဘူး။ တကယ်အသုံးဝင်တာနော်။
ကျနော်တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ် Telenor ကိုလည်းသုံးချင်တယ် အဲမှာ အခက်တွေ့ရောပေါ့။ ကဲဒါဆိုရင် အသုံးပြုလို့ရတဲ့နည်းလမ်း တွေ့ထားပါတယ်။ MPT ဖုန်းနံပါတ်ကို Telenor ထဲမှာ အ၀င် Call လက်ခံလို့ရမယ်ဗျ။ အဲတာဆိုရင် Telenor Sim တခုထဲမှာ MPT ရော Telenor နံပါတ်ပါ နှစ်ခုလုံး အ၀င်ခေါ်လက်ခံလို့ရပြီဗျ။ လုံးဝ Free နော် ကျနော် လက်တွေ့ စမ်းသပ်ပြီး သုံးနေပါတယ်။ ဒီနည်းကို MPT မူရင်း Page ကနေ တင်ထားတာတွေ့လို့ စမ်းကြည့်တာ အဆင်ပြေလို့ ပြန်မျှဝေပေးတာပါ။ Ooredoo သုံးသမားတွေလည်း ယခုနည်းအတိုင်းလုပ်လို့ရပါတယ်။ အတူတူပါပဲ။
မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်ကို Telenor/Ooredoo နံပါတ်ထဲမှာ အ၀င် call လက်ခံလို့ရတဲ့နည်းနော်။ MPT Sim ကို ဖုန်းထဲကနေထုတ်ထားလည်း MPT ကို Call ရင် Telenor ထဲ ၀င်သွားမှာပါ။ အဲတာဆို Sim တကတ်ထဲဖုန်းက နံပါတ် ၂ ခုအ၀င်လက်ခံလို့ရပြီပေါ့။ အရမ်းအသုံးဝင်တာနော် ကဲအောက်ကနည်းအတိုင်း လိုက်လုပ်ကြပါဗျာ အဆင်ပြေပါစေ။ ကျနော် ကိုယ်တိုင် စမ်းထားတာမို့ စိတ်ချလက်ချ ဒီနည်းကို သုံးနိုင်ပါတယ်။ ကဲ စမယ်ဗျာ ---
- အရင်ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်ထားပါ။
- 1331ကို CF လို့ ရေးပြီး SMS ပို့ပါ။ ခနနေရင် SMS တခု ပြန်ဝင်လာပါမယ်။ အဲတာဆို စလို့ရပြီ။
- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်တဲ့ ကတ် Telenor/Ooredoo နံပတ်ကို *21*09×××××××××# လို့ရိုက်ပြီး Call နိပ်လိုက်ပါ။ ခနနေဆို Success ဖြစ်တဲ့ စာပြလာရင် အောင်မြင်ပါပြီ။ အဲတာဆို MPT Card ကို ထုတ်လိုက်လို့ရပြီ ခုနက ထည့်ထားတဲ့ နံပါတ် Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်လိုက်ပါ။ အဲတာဆို အားလုံး အဆင်ပြေပါပြီ။
MPT နံပါတ်ပဲခေါ်ခေါ် Telenor နံပါတ်ပဲခေါ်ခေါ် ကိုထည့်ထားတဲ့ Telenor Sim ထဲမှာပဲ Calling ၀င်လာမှာဖြစ်ပါတယ်။ အဲတာဆို Sim တခုထဲကို နံပါတ် ၂ ခုအ၀င် Call လက်ခံလို့ရပါပြီ။ ကျနော် လက်တွေ့ စမ်းထားတာမို့ မဖြစ်နိုင်ဘူးဆိုတာမပြောပါနဲ့နော်။ ဖုန်းနဲ့ ရေးတင်တာမို့ ပုံနှင့်တကွ မပြနိုင်တာ ခွင့်လွှတ်ပါနော်။
အားလုံးအဆင်ပြေပါစေ
အဆင်မပြေသောသူများ ပြန်ဖြုတ်ချင်လျှင်
MPT Sim ကဒ် ထည့်ပြီး 1331 သို့
CF OFF လို့ရိုက်ပြီး message ပြန်ရိုက်လိုက်ပါ ။
Call forwording ပြန်ပြုတ်သွားပြီး နဂိုကအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။

Sunday, July 26, 2015

G615-U10 B120 Root ပြုလုပ်နည်း

အရင်ဆုံး Bootloader Unlock လုပ်ပါ
ပြီးရင်တော့ insecure boot img လေးကို down ပါ
download
ပြီးရင် fastboot mode ခေါ်ပြီး
fastboot flash boot boot.img
ပြီးရင်တော့ Vroot နဲ့ ကစ်လို့ရပါပြီ


 မသိသေးသော သူငယ်ချင်းများအတွက်သာရည်ရွယ်ပါသည်
အဆင်ပြေကြပါစေ။

7061 Root မလုပ်ပဲ Myanmar Font Tool


7061 ကို Root မလိုပဲ Myanmar font နှင့် keyboard တခါတည်း
ထည့်သွင်းနိုင်တဲ့ Tool ကောင်းလေးပါ ( install_fonts )bat file ကို  Run ပြီး
ထည့်ရုံပါပဲ ရှာရခက်တဲ့ သူချင်းများ အတွက်     
<< Download Here>>

Android Application မှာ Voice Recognize လုပ်ခြင်း ....

ဒီသင်ခန်းစာက Android Application ရေးတာကို စိတ်ပါဝင်စားသူများအတွက်ပါ။အသံဖြင့်စေခိုင်းတာကို မိမိ Application မှာ နားလည်ပြီးလိုက်လုပ်နိုင်ဖို့ပါ။ Voice Recognize ကို လုပ်နိုင်ဖို့ android.speech.RecognizerIntent ကိုအသုံးပြုရပါတယ်။API 16(Jelly Bean) အထက်မှာ Voice Recognize လုပ်ဖို့ Internet Connection မလိုတော့ပါဘူး။Offline ထောက်ပံ့ပေးပါတယ်။ ဒီ Post မှာ အဓိကအလုပ်လုပ်တဲ့ Code တွေကိုပဲပြမှာဖြစ်တဲ့အတွက် မိမိ Application မှာ အဆင်ပြေသလိုထည့်သုံးကြပါလို့တိုက်တွန်းချင်ပါတယ်။သင့် Application မှာ အောက်က API ကို Import လုပ်ပေးပါ။
import android.speech.RecognizerIntent;
ပြီးရင် Button ဖြစ်ဖြစ်၊ Image Button ဖြစ်ဖြစ်တခုတည်ဆောက်ပါ။၎င်း Button မှာ OnClickListener ကိုသုံးပြီး Action ကိုနားထောင်ပါ။ onClick Method ထဲမှာရေးရမယ့် code က အောက်ပါအတိုင်းဖြစ်ပါတယ်။
public void onClick(View v) {
        Intent intent = new Intent(RecognizerIntent.ACTION_RECOGNIZE_SPEECH);
        intent.putExtra(RecognizerIntent.EXTRA_LANGUAGE_MODEL, "en-us");
        try {
            startActivityForResult(intent, RESULT_SPEECH);
        } catch (ActivityNotFoundException exc) {

            Toast.makeText(getApplicationContext(),
                    "Opps! Your device doesn't support Speech to Text",
                    Toast.LENGTH_LONG).show();
        }
ဒါက Speech Recognize လုပ်တာပါ။ Result ကိုပြန်ဖမ်းဖို့ကျတော့ onActivityResult Method ကိုသုံးရပါတယ်။
protected void onActivityResult(int requestCode, int resultCode, Intent data) {
        super.onActivityResult(requestCode, resultCode, data);
        switch (requestCode) {
        case RESULT_SPEECH: {
            if (resultCode == RESULT_OK && null != data)
                  text = data
                        .getStringArrayListExtra(RecognizerIntent.EXTRA_RESULTS);
           
textView.setText((CharSequence) text.get(0));
}
break;
        }
    }
Voice Recognize လုပ်တာ အောင်မြင်ရင် RESULT_OK ကို return ပြန်ပါတယ်။ရလာတဲ့ RESULT ကို ArrayList ထဲထည့်ပြီး CharSequence ပြန်ပြောင်းပါတယ်။ CharSequence ရရင်တော့ မိတ်ဆွေတို့စိတ်ကြိုက်ဆက်လုပ်နိုင်ပါတယ်။ဒီ Post မှာတော့ Text View ထဲမှာပဲပြန်ရေးပြထားပါတယ်။
Source Code လိုချင်ရင်တော့ အောက်ကလင့်မှာ Down ပါ။
<< Download Source Code >>



Wednesday, July 22, 2015

Huawei G730-U30 B129 Version Root နည်း


ံHuawei G730 U30 B129 version မှာ v root နဲ မရတော့ ဘူး အဲ့တာကြောင့် boot လေး ပြန်ပြင်ထားပါတယ်။ Phone မှာ fastboot ၀င်ပါ ဒေါင်းရတဲ့ ဖိုင်ထဲက run.bat ဖိုင် run ပါ reboot ကျရင် V root နဲ လုပ်ရပါပြီ။ 
<< Download Here >>
 

CSS သင်ခန်းစာ (၂)

css_2

Id & Class
တကယ်လက်တွေ့ ဒီဇိုင်းရေးလာရင် သင်အသုံးပြုမှာက HTML Tags Selector တွေထက် Id Selectors နဲ့ Class Selectors တွေကိုသုံးမှာပါ၊ ဆိုကြပါစို့
သင်က HTML tags ငါးမျိုးပါတဲ့ စာကြောင်း ငါးကြောင်းကို Select မှတ်ချင်တယ်၊ HTML Tags က ငါးမျိုးဆိုတော့ CSS Selectors အဖြစ် HTML Tags 
ငါးမျိုးလုံးကိုသုံးနေရမယ်၊ ဒါကို Id Selector သုံးပြီး HTMl Document  မှာ လိုချင်တဲ့အစိတ်အပိုင်းကို သတ်မှတ် မှတ်သားနိုင်တယ်၊
ID နဲ့ Class Selector တွေကို HTML ရဲ့ <div> tags တွေနဲ့ တွဲသုံးတယ်၊ ဥမာ သင်က “dog” ဆိုတဲ့ id နဲ့ Selector တစ်ခုသတ်မှတ်ချင်တယ်ဆိုရင်ဖြင့်
<div id= “dog”> ဆိုပြီးရေးနိုင်တယ်၊ ရေးပုံက အရင်ဆုံး <div ကိုရေးတယ်၊ အပိတ် မြားလေးရဲ့ရှေ့မှာ id သတ်မှတ်ဖို့အတွက် id= “” 
လို့ထည့်တယ်၊ ပြီးရင် နှစ်ထပ်ကော်မာ ကြားမှာ သင် သတ်မှတ်လိုတဲ့ id နာမည်ကိုသတ်မှတ်နိုင်တယ်၊ HTML ရဲ့ block Tags တွေဖြစ်တဲ့ <div> </div>
တို့နဲ့ တွဲမှတ်တဲ့အတွက် အပိတ်ကိုလဲ ထည့်ပေးရမယ်၊ ပိုပြီးနာမလည်သွားအောင် အောက်က HTML ဖိုင်ကိုကြည့်လိုက်၊
<body>
<h1>Long time no see, how're you doing?</h1>
<h2>I am good, and how about ya? </h2>
<p><b> I am just taking one day after anogher, buddy! </b></p>
<p><i> hell of a long day today, isn't it?</i></p>
<br/> make yourself  busy and try to pass the time
</body>
အထက်က HTML Code မှာ Element ကော Nested Element ကော အားလုံးပေါင်း 5 ခုတောင်ပါတယ်၊ သူတို့ တွေကိုတစ်ခုစီ Selector
အဖြစ်မှတ်မယ်ဆိုရင် 5 ခုတောင်မှတ်ရမှာ၊ ဒါပေမယ့် id selector ကိုသုံးပြီး သူတို့တွေကို တစ်ခုထဲဖြစ်အောင်မှတ်လို့ရတယ်၊ အခု အပေါ် ဆုံးမှာရှင်းပြခဲ့တဲ့
<div id= “dog”> ဆိုတဲ့ id selector သုံးပြီးမှတ်ပြမယ်၊ အောက်မှာ
<body>
<div id= "dog" >
<h1>Long time no see, how're you doing?</h1>
<h2>I am good, and how about ya? </h2>
<p><b> I am just taking one day after anogher, buddy! </b></p>
<p><i> hell of a long day today, isn't it?</i></p>
<br/> make yourself  busy and try to pass the time
</div>
</body>
အထကမှာတော့ စာကြောင်း ငါးကြောင်းလုံးကို dog ဆိုတဲ့နာမည်နဲ့ id မှတ်လိုက်ပီ၊ မှတ်ပုံကို သတ်မှတ်လိုတဲ့ HTML elements တွေအားလုံးရဲ့ ရှေ့မှာ 
<div id= “dog”> လို့ရေးတယ်၊ ပြီးတော့ အဆုံးမှာ </div> ဆိုပြီး ဖွင့်လိုက်တဲ့ Dog id ကို ပြန်ပိတ်တယ်၊ ဒါကတော့ id selector မှတ်နည်းပါ၊
သူ့ကိုခေါ်သုံးမယ်ဆိုရင်လဲ dog ဆိုတဲ့နာမည်နဲ့ ပဲ ခေါ်သုံးနိုင်ပါတယ်၊ တစ်ခုတော့ရှိတယ် id တွေကိုခေါ်သုံးရာမှာ id နာမည်ရဲ့ရှေ့မှာ # shash
ထည့်ပေးရတယ်၊ အောက်မှာကြည့်၊
#dog{
            color : red;
            font-style : italic;
            }
အထက်မှာတော့ dog လို့သတ်မှတ်ထားတဲ့ id ကိုခေါ်သုံးလိုက်တာ၊ သူ့ကို HTML ဖိုင်နဲ့ ချိတ်ပြီး။ Run လိုက်ရင် id
သတ်မှတ်ထားတဲ့စာကြောင်းငါးကြောင်းလုံး စာလုံးအနီ နဲ့ စာလုံး တစ်စောင်းတွေအဖြစ်ပြောင်းသွားမယ်၊ အောက်မှာကြည့်ပါ၊


အခု class selector ကိုလေ့လာကြပါမယ်၊ ရေးပုံကတော့ id selector ကိုရေးပုံနဲ့ အတူတူပါပဲ၊ အသုံးပြုတဲ့အခါမှာတော့ class selector ကအုပ်စုတူတဲ့
element တွေမှာသုံးတယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊ ရှင်းသွားအောင်
<ul>
            <li class = "change">Landcruiser </li>
            <li > Parjedo </li>
            <li class = "change">Prado </li>
            <li >Surf </li>
            <li class = "change">Vigo </li>
            <li>Jeep</li>
            <li class = "change">Fortuna </li>
            <li> Toyota </li>
            <li class = "change"> BMW </li>
</div>

အထက် က စာရင်းမှာ  အားလုံးပေါင်း ကားအမျိုးအစား 9 မျိုးရှိပါတယ်၊  သင် က စာရင်းတွေထဲက တစ်ခုကျော် ကားအမျိုး အစားတွေကို Select
မှတ်ချင်တယ်၊ ဒါဆိုရင်တော့ အုပ်စု တူတဲ့ element တွေကို Select မှတ်တဲ့နည်း သုံးလို့ရပါတယ်၊ အားလုံးမှတ်လဲ ရတယ်နော် အခုတော့ တစ်ခုကျော်ကို
class = “change” ဆိုပြီး Select မှတ်ပြလိုက်တာ၊ change ဆိုတဲ့ class ကိုခေါ်သုံးချင်ရင် change လို့ခေါ်သုံးရုံပဲ တစ်ခုတော့သတိထားရမယ် class
ကိုခေါ်သုံးမှာ ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ class နာမည်ရှေ့မှာ dot (.) အစက်လေးထည့်ပေးရမယ်၊ အောက်က အတိုင်း
.change{
            color : red;
            font-style : italic;
            }
အထက်က ကုတ်ကို HTML Doucment နဲ့ ချိတ်ပြီး Run ကြည့်လိုက်ရင်အောက်က အဖြေမျိုးကိုရမယ်၊


ဒီသင်ခန်းစာရဲ့ ရည်ရွယ်ချက်ကတော့ id နဲ့ class selector တွေကိုကိုတိုင်မှတ်သတ်အောင် သင်ကြားပေးတာပါ၊ နောက်ပိုင်း တကယ့်ကို
အသုံးများမှာဖြစ်တဲ့အတွက်သေချာလေး နားလည်အောင်လေ့လာပါ၊ နောက်အခန်းမှာ HTML Document တွေနဲ့ CSS တို့ ဘယ်လို
ချိတ်ဆက်အသုံးပြုမလဲဆိုတာကိုသင်ပြပေးမယ်။

သင်ကြားသူ - Waifer Kolar