Wednesday, August 20, 2014

C++ သင်ခန်းစာ (၈)


ဒီသင်ခန်းစာမှာ Variable အကြောင်းရှင်းပြပါမယ်။Variable ဆိုတာ အသုံးပြုသူထည့်ပေးလိုက်တဲ့ dataတွေလက်ခံဖို့ဖြစ်စေ ။ program ကတွက်ထားပြီးသား dataတွေ သိမ်းဆည်းဖို့ဖြစ်စေ Memory မှာ သတ်သတ်မှတ်မှတ် နာမည်ပေးပြီး နေရာယူထားတာကိုပြောတာပါ။အခုမှ programming စတင်လေ့လာသူတွေအတွက် နည်းနည်းစိမ်းသလိုရှိနေပေမယ့် ဒီသဘောတရားမှနားမလည်ရင်ရှေ့ဆက်ဖို့ခက်သွားပါလိမ့်မယ်။ ဒီတော့ variable အကြောင်း ဥပမာလေးပေးပြီးရှင်းပြပါ့မယ်။

Allwinner CPU ဆိုတာ


Allwinner CPU ဆိုတာ Android Tablet တော်တော်များများမှာ သုံးထားတဲ့ CPU အမျိုးအစားဖြစ်ပါတယ်။momo tabletတို့ SYH တို့ aoson တို့ Ondaတို့ စတဲ့ brand များအပြင် နာမည်မရှိတဲ့ China tablet တော်တော်များများ မှာလည်း ဒီCPU ကိုသုံးထားပါတယ်။။ CPU Model no ကတော့ ကျတော်တို့ဆီကို A10 နဲ့ A13 ဆိုပြီး နှစ်မျိုးဝင်ပါတယ်။။ အဲ့ CPU အမျိုးအစား tabletတွေကို firmware ရေးမယ်ဆို Firmware ကတော့ .img File ဖြစ်ပြီး Flashing toolကတော့ LiveSuit ကိုသုံးပါတယ်။။ နောင်post မှပဲ firmware ရေးပုံ အဆင့်ဆင့်ကိုသင်ပြပေးပါမယ်။။

Allwinner CPU သုံး Tablet များကို Firmwareတင်နည်း


Requirements: LiveSuit Application
Firmware Image File(.img)
-ပထမဦးစွာ LiveSuit Folder ထဲဝင်ပြီး LiveSuit Pack_version.....exeကို runပေးပါ။ကျလာသော message box တွင် Default ကိုရွေးပေးပါ။အနှီရောင် message box ကျလာပါက Install This Driver Software Anyway ကိုရွေးပေးပါ။ မိမိ pc ထဲသို့ driver သွင်းသွားလိမ့်မည်။ထို့နောက် LiveSuit.exe ကို runပေးပါ။ထိုအထဲတွင် Select Img ကိုနှိပ်ပါ။မိမိDevice ၏ Firmware Image(.img)ကိုရွေးပေးပါ။ထိုနောက် Device ကိုပါဝါပိတ် volume down နှိပ်လျက် usb ကြိုးမှတဆင့် pcနှင့်ချိတ်ပါ။ပြီးနောက် volume downကိုမလွှတ်သေးဘဲ power key ကို 10 ချက်နှိပ်ပေးပါ။ထို့အခါ pcတွင် message box တခုကျလာမည် yesကိုသာရွေးပေးပါ။နောက်ထပ် message box ကျလာရင်လည်း yes ကိုသာရွေးပေးပါ။ထိုအခါ progress bar တက်လာပြီးး firmwareတင်သွားလိမ့်မည်။ Firmwareတင်ပြီးပါက Upgrade Success ဆိုသော Message Box ပေါ်ရင် OK ကိုနှိပ်ပါ ။ Deviceတွင်လည်း reboot ကျပြီးပြန်တက်လာပါက firmwareတင်ခြင်း ပြီးပြီဖြစ်သည်။

ADB Command နဲ့ Fastboot Command ကို မိမိ computer ရဲ့ ဘယ်နေရာကဖြစ်ဖြစ် Command ပေးလို့ရအောင်လုပ်ချင်သူများအတွက်

ADB Command နဲ့ Fastboot Command ကို မိမိ computer ရဲ့ ဘယ်နေရာကဖြစ်ဖြစ် Command ပေးလို့ရအောင်လုပ်ချင်သူများအတွက်
ဒီနည်းလေးက လွယ်ပါတယ်။ ADB Command နဲ့ Fastboot Command ပေးနိုင်ဖို့လိုအပ်တဲ့
adb.exe
fastboot.exe
AdbWinApi.dll
AdbWinUsbApi.dll တို့ကို copyယူပြီး
C:\Windows\System32ထဲ မှာ paste ချပေးလိုက်ပါ။ ပြီးပြီဆိုရင်တော့ မိမိ computer ရဲ့ ဘယ်နေရာကဖြစ်ဖြစ် shift နဲ့ right click နှိပ်ပြီးကျလာသော menu ထဲက open command windows here ကိုရွေးပြီး command ပေးနိုင်ပါပြီ။

Friday, August 15, 2014

Wifi Protector

အင်း အခုနောက်ပိုင်း wifi သုံးတဲ့သူတွေ အခက်တွေ့နေရတာကတော့ wifi killခံရတာပါပဲ။ wifi free ရတဲ့နေရာတွေမှာ တချို့တွေက wifikiller applicationတွေသုံးပြီး တခြားသူတွေရဲ့ Device ကို wifiချိတ်မရအောငမလုပ်တတ်ကြပါတယ်။အဲ့လိုမျိုး wifikill မခံရအောင် wifi protector application ကိုသုံးပြီး protect လုပ်နိုင်ပါတယ်။ လိုချင်တဲ့သူများအောက်က link မှာဒေါင်းနိုင်ပါတယ်။
Download Here