Wednesday, August 20, 2014

C++ သင်ခန်းစာ (၈)


ဒီသင်ခန်းစာမှာ Variable အကြောင်းရှင်းပြပါမယ်။Variable ဆိုတာ အသုံးပြုသူထည့်ပေးလိုက်တဲ့ dataတွေလက်ခံဖို့ဖြစ်စေ ။ program ကတွက်ထားပြီးသား dataတွေ သိမ်းဆည်းဖို့ဖြစ်စေ Memory မှာ သတ်သတ်မှတ်မှတ် နာမည်ပေးပြီး နေရာယူထားတာကိုပြောတာပါ။အခုမှ programming စတင်လေ့လာသူတွေအတွက် နည်းနည်းစိမ်းသလိုရှိနေပေမယ့် ဒီသဘောတရားမှနားမလည်ရင်ရှေ့ဆက်ဖို့ခက်သွားပါလိမ့်မယ်။ ဒီတော့ variable အကြောင်း ဥပမာလေးပေးပြီးရှင်းပြပါ့မယ်။
ဥပမာ အနေနဲ့ ကျတော်တို့ ကိန်းဂဏန်း နှစ်လုံးပေါင်းတဲ့ program လေး တစ်ပုဒ်ရေးမယ်ဆိုပါတော့။ program လုပ်ရမယ့်အလုပ်က အသုံးပြုသူ user ထည့်သွင်းပေးတဲ့ ကိန်းနှစ်လုံးကို ပေါင်းပေးရမှာပါ။အဲ့ဒီတော့ program စ run တာနဲ့ userထံမှ ကိန်းဂဏန်းနှစ်လုံးတောင်းရမှာပါ။ တောင်းရာမှာလည်း ပထမကိန်း ဒုတိယကိန်း ဆိုပြီး ခွဲတောင်းရမှာပေါ့။c++ မှာ Computer screen ပေါ်မှာ ပေါ်စေချင်တာကို cout<<နဲ့ရေးတယ်ဆိုတာ သင်ခန်းစာ (၇)မှာရှင်းပြထားပြီးဖြစ်ပါတယ်။ ထားပါတော့ user က အဲ့ဒီဂဏန်းနှစ်လုံးကိုထည့်ပေးလိုက်တယ်ဆိုပါတော့။ ကျတော်တို့ Programမှာ အဲ့ဒီကိန်းဂဏန်း နှစ်လုံးကိုလက်ခံဖို့ နေရာလိုပါတယ်။ ဒီတော့ ကျတော်တို့က အဲ့ဒီဂဏန်းတွေ လက်ခံဖို့ computer memory ထဲမှာနေရာတစ်ခုသတ်မှတ်ပေးရပါတယ်။သတ်မှတ်ရာမှာလည်း နောက်အခါ ပြန်ညွန်းလို့ရအောင် နာမည်ပေးရပါတယ်။ အဲ့ဒီလို memory မှာ နာမည်ပေးပြီးနေရာယူတာကို variable ကြေငြာတယ်လို့ပြောတာပါ။ဒါပေမယ့် လက်ခံမယ် data အမျိုးစားပေါ်မူတည်ပြီးတော့ variable အမျိုးအစားကွဲသွားပါတယ်။ပြီးမှ ခုန လက်ခံထားတဲ့ data တွေကို formula ထဲထည့်တွက်ပြီး ရလာတဲ့ အဖြေကို ပြန်ပြပေးရမှာပါ။ဒါကတော့ variableကိုအကြမ်းရှင်းပြတာပါ။ variable type တွေကိုတော့ နောက်သင်ခန်းစာမှပဲ အသေးစိတ်ရှင်းပြပါတော့မယ်။

Related Posts:

  • Allwinner CPU ဆိုတာ Allwinner CPU ဆိုတာ Android Tablet တော်တော်များများမှာ သုံးထားတဲ့ CPU အမျိုးအစားဖြစ်ပါတယ်။momo tabletတို့ SYH တို့ aoson တို့ Ondaတို့ စတဲ့ br… Read More
  • C++ သင်ခန်းစာ (၈) ဒီသင်ခန်းစာမှာ Variable အကြောင်းရှင်းပြပါမယ်။Variable ဆိုတာ အသုံးပြုသူထည့်ပေးလိုက်တဲ့ dataတွေလက်ခံဖို့ဖြစ်စေ ။ program ကတွက်ထားပြီးသား dataတွေ သိမ်… Read More
  • C++ Lesson (2) C++ သင်ခန်းစာ (၂) High Level Programming Language ဆိုတာ Computer အား သင်ကြားရာတွင် Machine code တွေမသုံးပဲ လူသားတွေ စကားပြောဆိုသကဲ့သို့ English … Read More
  • C++ Lesson (5) C++ သင်ခန်းစာ ( ၅ ) ဒီသင်ခန်းစာမှာ Turbo C++ IDE ကို မိမိ Computer ထဲမှာ Install လုပ်ပုံ အဆင့်ဆင့် ကိုရှင်းပြပေးပါမယ်။ပထမဦးစွာ Turbo C++ … Read More
  • Allwinner CPU သုံး Tablet များကို Firmwareတင်နည်း Requirements: LiveSuit Application Firmware Image File(.img) -ပထမဦးစွာ LiveSuit Folder ထဲဝင်ပြီး LiveSuit Pack_version.....exeကို runပေးပါ။ကျလာသေ… Read More

0 comments:

Post a Comment