Sunday, September 28, 2014

MPT မှ လက်ကျန်ငွေ ၂၀၀ ကျန်သည့် Message ရောက်ပါက ပြန်လည်စစ်ဆေးရန်လို

MPT ဆင်းမ်ကတ် အသုံးပြုသူများ၏ မိုဘိုင်းဖုန်းများသို့ ယနေ့မနက်ပိုင်းမှစတင်၍ “လက်ကျန်ငွေ ၂၀၀ ကျပ်သာ ကျန်ရှိတော့သည်” ဟူသည့် SMS များ ဝင်ရောက်လာခဲ့ပြီး ယင်းမှာ System Error ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း MPT မှ စုံစမ်းသိရသည်။
MPT ၏ အဆိုပါ SMS ကို လက်ခံရရှိသူများအနေဖြင့် ၎င်းတို့၏ အမှန်တကယ် ဖုန်းအသုံးပြုခမှာ လက်ကျန် ၂၀၀ ကျပ်သာ ကျန်ရှိတော့ခြင်း မဟုတ်သဖြင့် ဖုန်းဘီလ်များကို စစ်ဆေးပေးကြစေလိုကြောင်း MPT မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းပြီး အစိုးရဘဏ္ဍာငွေဖြင့် မရပ်တည်တော့ဟုဆိုသည့် MPT ဆက်သွယ်ရေးကုမ္ပဏီ၏ ဝန်ဆောင်မှုများသည် ယခင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမည်ဖြင့် လုပ်ကိုင်ခဲ့စဉ်ကကဲ့သို့ မကြာခဏ ဆာဗာချို့ယွင်းမှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ယခုအချိန်အထိ သုံးစွဲသူများ၏ ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။

Thursday, September 25, 2014

iOS 8 တွင် မြန်မာစာဖောင့်ထည့်သွင်းခြင်း

 အသစ်ထွက်ရှိထားသည့် iOS 8 တွင် မြန်မာစာကို အသုံးပြုလိုသူများ အတွက် Zawgyi Font နှင့် မြန်မာစာ စာလုံးအား ရိုက်ရန်အတွက် Keyboard ဖြစ်သည့် ttkeyboard ကို အသုံးပြုနိုင်မည် ဖြစ်သည်။ မြန်မာစာ ထည့်သွင်းမည့် iPhone သို့မဟုတ် iPad တွင် ပထမဦးဆုံး Zawgyi Font ထည့်သွင်းရန်အတွက် အဆိုပါ Device များမှ Safari Browser ကို ဖွင့်ရမည် ဖြစ်သည်။ Safari Browser ထဲကိုရောက်ပြီဆိုလျှင် Address Bar တွင် http://t.co/WM70j6av69 အဆိုပါ လိပ်စာကို ရိုက်ထည့်ပြီး Zawgyi Font ကို ထည့်သွင်းပေးရမည် ဖြစ်သည်။ Zawgyi Font ကို ထည့်သွင်းပြီးလျှင် General ထဲမှ Profile တွင် Zawgyi 2008 ဆိုသည့် ဖိုင်တွေ့မြင်ရမည် ဖြစ်သည်။
Zawgyi Font ထည့်သွင်း ပြီးသွားပြီဆိုလျှင် မြန်မာစာ စာလုံးကို Keyboard ဖြင့် အသုံးပြုနိုင်ရန်အတွက် ttkeyboard ကို ထည့်သွင်းရမည်ဖြစ်သည်။ ttkeyboard ကို ထည့်သွင်းချင် သူများအတွက် ဖော်ပြထားသည့် http://goo.gl/9JLP63 ဝက်ဘ်ဆိုက် လိပ်စာမှတစ်ဆင့် ttkeyboard ကို သွားရောက်ရယူ နိုင်မည်ဖြစ်ပြီး iTunes တွင်လည်း ttkeyboard ဟု ရိုက်ထည့်ပြီး ရှာဖွေကာ ထည့်သွင်းနိုင်မည် ဖြစ်သည်။ ထည့်သွင်းပြီးသွားလျှင် ttkeyboard ကို အသုံးပြုနိုင်ရန်အတွက် Settings > General > Keyboards Keyboard >Add New Keyboard > ttkeyboard အစရှိသည်တို့ကို အဆင့်ဆင့်သွား၍ ရွေးချယ်ပြီး ထည့်သွင်းပေးရမည် ဖြစ်သည်။ ထိုအဆင့်များအားလုံး ပြီးသွားလျှင် iOS 8 အသုံးပြုထားသည့် Device များတွင် မြန်မာစာကို အသုံးပြုနိုင်ပြီ ဖြစ်သည်။

ကွေးညွှတ်သွားသည့် iPhone 6 Plus ဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိ

 ပြီးခဲ့သည့် သောကြာနေ့က ရောင်းချခဲ့သော iPhone 6 Plus စမတ်ဖုန်းများကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့်အခါ ဖုန်းပုံစံပျက်ယွင်း၍ ကွေးညွှတ်သွားခဲ့သောကြောင့် iPhone 6 Plus ပိုင်ရှင်များ စိတ်ဆိုး ဒေါသထွက်နေကြောင်း သိရသည်။

Wednesday, September 24, 2014

Monday, September 22, 2014

Software Freedom Day ကျင်းပမည်


စက်တင်ဘာလ ၂၀ ရက်နေ့တွင်ကျရောက်သည့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ပြုလုပ်သော Software Freedom Day ကို Fedora Project-Myanmar Community မှ ပူးပေါင်း ပါဝင်ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ပွဲကို နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ Tasty Village Resturant (ဆင်မလိုက်အဆင့်မြင့် ဈေးသစ်၊မြေညီထပ်) ဆိုင်ရှိ ခန်းမများထဲ၌ ကျင်းမပြုလုပ်မည် ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအနေဖြင့် Fedora Linux ၏ Booth နှင့် OpenSUSE ၏ Booth များတွင် အခမဲ့ပေးဝေသော Installer Bootable DVD အပြင် Software Freedom Day အထိမ်း အမှတ်အဖြစ် အခမဲ့ဝေငှသော FreeBSD 10 & GhostBSD 3.5 တို့ကိုလည်း ကူးယူနိုင်မည်ဖြစ်သည်။ အမှတ်တရသက်ဆိုင်ရာ Distro များ၏ Sticker များကိုလည်း ရယူနိုင်မည်ဖြစ်သည်။ တက်ရောက် လိုသူများအနေဖြင့် https://sfdygn2014.doattend.com/ တွင် Register ပြုလုပ်ရမည်ဖြစ်သည်။

Sunday, September 21, 2014

Android Phone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090

     Android Phone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090 ကိုတင်ပေးလိုက်ပါတယ်။လိုချင်တဲ့သူများ အောက်ကလင့်မှာ down နိုင်ပါတယ်။ ။
<< Download Here >>

Saturday, September 20, 2014

ဂျပန်နိုင်ငံ တက္ကသိုလ်များတွင် သွားရောက်သင်ကြားနိုင်မည့် မဟာဘွဲ့ပညာသင်ဆုအတွက် လျှောက်လွှာများ ခေါ်ယူ

အမျိုးသားစီမံကိန်းနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဂျပန်တက္ကသိုလ်များနှင့် JDS ပညာသင်ဆု အစီအစဉ်အရ ဂျပန်နိုင်ငံ တက္ကသိုလ်များတွင် သွားရောက် သင်ကြားနိုင်စေရန် မဟာဘွဲ့ ပညာသင်ဆုသင်တန်း အတွက် လျှောက်လွှာများ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

Friday, September 19, 2014

MEC SIM Card ကိုင်ဆောင်သူများ Internet လျှောက်ရာတွင် SMS ပေးပို့၍လျှောက်ထားနိုင်ပါပြီ။

MEC SIM Card ကိုင်ဆောင်သူများ Internet လျှောက်ရာတွင် SMS ပေးပို့၍လျှောက်ထားနိုင်ပါပြီ။ ။
Internet လျှောက်လိုသူများအနေဖြင့် 233 သို့ Open EVDO လို့စာရိုက်၍ ပေးပို့လျှောက်ထားရမှာဖြစ်ပါတယ်။မိမိ Phone bill လက်ကျန်ကတော့ အနည်းဆုံး 10000 အထက်ရှိရမှာဖြစ်ပါတယ်။

Tuesday, September 16, 2014

iPhone 6 နှင့် iPhone 6 Plus ကို Apple ထုတ်ဖော်ပြသ

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Apple သည် ပိုမိုကောင်းမွန်သော ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် နည်းပညာအဆင့် မြှင့်တင်မှုများပြုလုပ်ထားသည့် iPhone 6 နှင့် iPhone 6 Plus စမတ်ဖုန်းများကို ကုမ္ပဏီဌာနချုပ် ဆီလီကွန်တောင်ကြား၌ မိတ်ဆက်ပေးခဲ့သည်။

အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို မကြာမီ အသုံးပြုနိုင်ဖွယ်ရှိ


ပြည်တွင်း၌ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည့် နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို ပေးလာနိုင်ဖွယ် ရှိနေကြောင်း စုံစမ်းသိရသည်။
“Telenor က အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုကို ပေးဖို့ရှိတယ်လို့တော့ကြားတယ်။ အသေအချာတော့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားတာ မရှိသေးဘူး" ဟု ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားသည်။
ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုကို ပြည်တွင်း၌ တွင်ကျယ်စွာ အသုံးပြုလာနိုင်ပါက နိုင်ငံတကာနှင့် ဆက်စပ် လုပ်ကိုင်ရသည့် Online Payment လုပ်ငန်းများ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်း လုပ်ကိုင်မှုများတွင် ယခုထက်ပိုမို အဆင်ပြေ လွယ်ကူလာမည်ဖြစ်ပြီး ယင်းအကျိုးဆက်ကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများပါ တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်ပြောကြား သည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ Telenor Myanmar မှ တာဝန်ရှိသူတစ်ဦးက "အခုလောလောဆယ်တော့ အသေးစိတ် ထုတ်ပြန်လို့မရသေးပါဘူး။ တရားဝင် မိတ်ဆက်ပေးတဲ့အချိန်မှာ ဝန်ဆောင်မှုတွေ အားလုံးကို အသိပေးသွားမှာပါ။ လောလောဆယ်တော့ Telenor ကွန်ရက်က စမ်းသပ်နေတာ ဖြစ်တဲ့အတွက် Facebook လို ဝန်ဆောင်မှုတွေမှာ Telenor ကို တွေ့နေရတာ ဖြစ်ပါလိမ့်မယ်"ဟု ပြောကြားသည်။
ထို့အပြင် အဆိုပါ အပြည်ပြည်ဆိုင်ရာ SMS ဝန်ဆောင်မှုများကို ပြည်တွင်း၌ အသုံးပြုလာနိုင်ပါက Google, Facebook ကဲ့သို့ ဝန်ဆောင်မှုများကို အသုံးပြုရာတွင်လည်း ပိုမိုလုံခြုံ စိတ်ချစွာဖြင့် အသုံးပြု လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

သီးသန့်ကိုယ်ပိုင် အင်တာနက်လိုင်း ရောင်းချမည်ဟု Ooredoo ပြော

Ooredoo သည် လက်ရှိအချိန်တွင် မိုဘိုင်း အင်တာနက်စနစ်ကို စတင် ဝန်ဆောင်မှုပေးနေပြီး နောင်ကာလတွင် သီးသန့်ကိုယ်ပိုင် အင်တာနက်လိုင်းများကို Router များနှင့် တွဲဖက်ရောင်းချသွားမည်ဟု သိရသည်။
Ooredoo ၏ CEO ဖြစ်သူ Mr.Ross ၏ အဆိုအရ My Fi အမည်ရှိ သီးသန့် အင်တာနက်လိုင်းကို Router များနှင့် တွဲဖက်၍ စမ်းသပ်အသုံးပြုနေပြီး နောင်တစ်ချိန်တွင် ရောင်းချပေးနိုင်ရန် စီစဉ်ထားရှိသည်ဟု သိရသည်။
သီးသန့် အင်တာနက်လိုင်း My Fi သည် Ooredoo ဆင်းမ်ကတ် ထည့်သွင်းအသုံးပြုရသည့် Router များကို ဆိုလိုခြင်းဖြစ်ပြီး အဆိုပါ အင်တာနက်လိုင်း၏ မြန်နှုန်းနှင့် အင်တာနက်လိုင်း စတင်ရောင်းမည့်အချိန် အတိအကျကို Ooredoo မှပြောဆိုနိုင်ခဲ့ခြင်း မရှိပေ။

Saturday, September 6, 2014

Friday, September 5, 2014