Tuesday, September 16, 2014

သီးသန့်ကိုယ်ပိုင် အင်တာနက်လိုင်း ရောင်းချမည်ဟု Ooredoo ပြော

Ooredoo သည် လက်ရှိအချိန်တွင် မိုဘိုင်း အင်တာနက်စနစ်ကို စတင် ဝန်ဆောင်မှုပေးနေပြီး နောင်ကာလတွင် သီးသန့်ကိုယ်ပိုင် အင်တာနက်လိုင်းများကို Router များနှင့် တွဲဖက်ရောင်းချသွားမည်ဟု သိရသည်။
Ooredoo ၏ CEO ဖြစ်သူ Mr.Ross ၏ အဆိုအရ My Fi အမည်ရှိ သီးသန့် အင်တာနက်လိုင်းကို Router များနှင့် တွဲဖက်၍ စမ်းသပ်အသုံးပြုနေပြီး နောင်တစ်ချိန်တွင် ရောင်းချပေးနိုင်ရန် စီစဉ်ထားရှိသည်ဟု သိရသည်။
သီးသန့် အင်တာနက်လိုင်း My Fi သည် Ooredoo ဆင်းမ်ကတ် ထည့်သွင်းအသုံးပြုရသည့် Router များကို ဆိုလိုခြင်းဖြစ်ပြီး အဆိုပါ အင်တာနက်လိုင်း၏ မြန်နှုန်းနှင့် အင်တာနက်လိုင်း စတင်ရောင်းမည့်အချိန် အတိအကျကို Ooredoo မှပြောဆိုနိုင်ခဲ့ခြင်း မရှိပေ။

Related Posts:

0 comments:

Post a Comment