ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Apple သည် ပိုမိုကောင်းမွန်သော
ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် နည်းပညာအဆင့်
မြှင့်တင်မှုများပြုလုပ်ထားသည့် iPhone 6 နှင့် iPhone 6 Plus
စမတ်ဖုန်းများကို ကုမ္ပဏီဌာနချုပ် ဆီလီကွန်တောင်ကြား၌ မိတ်ဆက်ပေးခဲ့သည်။
iPhone 6 စမတ်ဖုန်းတွင် screen ၄.၇ လက်မပါဝင်ပြီး iPhone 6 Plus တွင် screen ၅.၅လက်မ အသုံးပြုထားသည်။ အဆိုပါ iPhone များတွင် A8 မိုက်ခရိုပရိုဆက်ဆာကို အသုံးပြုထားသောကြောင့် ယခင်ထုတ်ကုန်များထက် ၅၀ ရာခိုင်နှုန်း စွမ်းအင်သက်သာမှုရှိကြောင်း သိရသည်။ ထို့အပြင်
အရွယ်အစားကြီးမားသော ဘက်ထရီများကို အသုံးပြုထားသောကြောင့် iPhone 6 ဖြင့် သီချင်းနားထောင်လျှင် နာရီ ၅၀ အထိမနားတမ်း နားထောင်နိုင်ပြီး iPhone 6 Plus ဖြင့် နာရီ ၈၀ ခန့်သီချင်း နားထောင်နိုင်သည်။ iPhone 6 နှင့် iPhone 6 Plus စမတ်ဖုန်းများသည် ဖုန်းခေါ်ဆိုမှု ပြုလုပ်ကာ စကားပြောဆိုပါက ၁၄ နာရီနှင့် ၂၄ နာရီအထိ အသီးသီးပြောဆိုနိုင်သည်။ Apple သည် Apple Pay ဟုခေါ်ဆိုသော ငွေပေးချေသည့် ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပြီးနောက်ဆုံးပေါ် iPhone များဖြင့် American Express, MasterCard နှင့် Visa တို့နှင့် ပူးပေါင်းထားသော McDonald's မှ Bloomingdale's ဆိုင်များအထိ ငွေပေးချေမှုများ ပြုလုပ်နိုင်သည်။
iPhone 6 16GB ဗားရှင်းကို နှစ်နှစ်စာချုပ်ဖြင့် ဝယ်ယူပါက ၁၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၁၅ နိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်နေ့၌ ရောင်းချပေးသွားမည် ဖြစ်သည်။ iPhone 6 Plus ၏ 16GB ဗားရှင်းကို ၂၉၉ ဒေါ်လာဖြင့် စတင်ရောင်းချ ပေးသွားမည်ဖြစ်သည်။ ယူကေတွင်မူ iPhone 6 ကို ၅၃၉ ပေါင်နှင့် iPhone 6 Plus စမတ်ဖုန်းကို ၆၁၉ ပေါင်ဖြင့် စတင်ရောင်းချ ပေးသွားမည်ဖြစ်သည်။

0 comments:
Post a Comment