Friday, June 26, 2015

ADB Shell Command သုံးပြီး Phone Screenshot ရိုက်နည်း

ဒီ Post လေးက ADB Shell Command စိတ်ဝင်စားသူများအတွက်ပါ။ ဒီသင်ခန်းစာလေးကို လိုက်လုပ်နိုင်ဖို့ ADB Command အကြောင်းနည်းနည်းတော့သိထားရင်ပိုအဆင်ပြေပါတယ်။
- ပထမဦးစွာ Phone ကို Usb debugging On ထားပြီး Computer နှင့်ချိတ်ပါ။
- ADB Folder ထဲတွင် Shift နဲ့ Right Click နှိပ်ပြီး Open Command Window here ကိုရွေးပြီး Command Window ကိုခေါ်ပါ။

- အမည်းရောင် Command Window တက်လာပါက Command Window ထဲတွင် adb devices လို့ရိုက်ပြီး Enter ခေါက်ပါ။ Device သိပါက List of devices attached အောက်တွင် device တခုပြရပါမည်။
- Device သိပြီဆိုရင်တော့ အောက်က Command တွေတဆင့်ချင်းစီရိုက်သွားပါ။
adb shell
screencap /sdcard/sithupaing.png
(adb shell ဆိုတဲ့ Command က Computer ကနေ Phone ထဲကို လမ်းကြောင်းပြောင်းတဲ့ Command ဖြစ်ပါတယ်။ screencap /sdcard/sithupaing.png ကတော့ screenshot ရိုက်တဲ့ Command ဖြစ်ပြီး screencap ရဲ့နောက်မှာ ပုံကိုသိမ်းမယ့် လမ်းကြောင်းနဲ့ နာမည်ကိုရိုက်ပေးရတာဖြစ်ပါတယ်။အခု ကျွန်တော်ပြထားတဲ့ Command အတိုင်းဆိုရင် sdcard ထဲမှာ sithupaing ဆိုတဲ့ နာမည်နဲ့ png file(ပုံ) ရောက်နေမှာဖြစ်ပါတယ်။)

မိတ်ဆွေတို့က ခင်ဗျားကလည်းဗျာ screen shot ရိုက်ချင်တာများ power နဲ့ volume down တွဲနှိပ်လိုက်ပြီးရောပေါ့လို့ ပြောချင်ပြောလိမ့်မည်။ ကျတော်ပြောပြီးပါပြီရော ADB Command စိတ်ဝင်စားပြီး ကလိချင်တဲ့ လူတွေအတွက်ပါလို့။

Related Posts:

  • Allwinner CPU ဆိုတာ Allwinner CPU ဆိုတာ Android Tablet တော်တော်များများမှာ သုံးထားတဲ့ CPU အမျိုးအစားဖြစ်ပါတယ်။momo tabletတို့ SYH တို့ aoson တို့ Ondaတို့ စတဲ့ br… Read More
  • Y511-T00 SP Flash Tool Firmware Y511-T00 ကို dload နဲ့Firmware တင်မရသူတွေအတွက် Flashtools Firmware လေးပါ။ အောက်က link မှာ down နိုင်ပါတယ်။ <<Download Here>> … Read More
  • Allwinner CPU သုံး Tablet များကို Firmwareတင်နည်း Requirements: LiveSuit Application Firmware Image File(.img) -ပထမဦးစွာ LiveSuit Folder ထဲဝင်ပြီး LiveSuit Pack_version.....exeကို runပေးပါ။ကျလာသေ… Read More
  • Android Phone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090      Android Phone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090 ကိုတင်ပေးလိုက်ပါတယ်။လိုချင်တဲ့သူများ အောက်ကလင့်မှာ down နိုင်… Read More
  • Wifi Protector အင်း အခုနောက်ပိုင်း wifi သုံးတဲ့သူတွေ အခက်တွေ့နေရတာကတော့ wifi killခံရတာပါပဲ။ wifi free ရတဲ့နေရာတွေမှာ တချို့တွေက wifikiller applicationတွေသုံးပြီး … Read More

0 comments:

Post a Comment