Thursday, July 2, 2015

MS-DOS သင်ခန်းစာ ( ၁ )



MS-DOS ဆိုတာ Microsoft ရဲ့ Disk Operating System ကိုပြောတာပါ။ ကျတော်တို့ အခုသုံးနေတဲ့ Window 7  မှာ DOS version  6.1.7601 ပါဝင်ပါတယ်။ DOS ကိုအသုံးပြုမယ်ဆိုရင် Command နဲ့ပဲအသုံးပြုရမှာဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာ Command Window ခေါ်ပုံနဲ့ Directory Change ပုံကိုသင်ပြပေးမှာဖြစ်ပါတယ်။ Command Window ခေါ်ဖို့ Keyboard မှ Window Key နဲ့ R Keyကိုတွဲနှိပ်လိုက်ပါ။ ပြီးတော့ ပေါ်လာတဲ့ Run Box ထဲမှာ cmd လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ထိုအခါ Command Window ပေါ်လာပါလိမ့်မယ်။



ထိုအခါ Command Window ကိုမှာ လက်ရှိရောက်နေတဲ့နေရာက C:\User\SithuPaing\ ဖြစ်ပါတယ်။မိတ်ဆွေတို့ Computer မှာတော့ SithuPaing နေရာမှာ မိတ်ဆွေတို့ Computer ရဲ့ နာမည်ပေါ်နေပါလိမ့်မယ်။ ဒါကို Path လမ်းကြောင်းလို့ခေါ်ပါတယ်။ အခုသင်ပေးမယ့် Command ကတော့
CD\
ဒီ Command က ဘယ်နေရာ ရောက်နေနေ Drive ရဲ့ ထိပ်ဆုံးကို ပြန်သွားတဲ့ Command ပါ။ Command Window ထဲမှာ cd\ လို့ ရိုက်ပြီး Enter ခေါက်ကြည့်ပါ။ C Drive ရဲ့ ထိပ်ဆုံးကို ပြန်ရောက်သွားပါလိမ့်မယ်။



အခုထပ်ပြပေးမယ့် Command ကတော့ Dirve ချိန်းတဲ့ Command ပါ။ ဥပမာ C: Drive ထဲကနေ D: Drive ထဲကို သွားချင်တယ်ဆိုရင် D: လို့ ရိုက်ပြီး Enter ခေါက်ပေးလိုက်ပါ။ C: Drive ထဲကနေ D: Drive ထဲကို လမ်ကြောင်းပြောင်းသွားပါလိမ့်မယ်။
Drive Name => Enter

တကယ်လို့မိတ်ဆွေတို့က D: Drive ထဲမှာဘာ File တွေရှိလဲသိချင်ရင်တော့ DIR ဆိုတဲ့ Command ကိုသုံးရမှာဖြစ်ပါတယ်။
DIR
အခုဆိုရင် D: Drive ထဲမှာရှိတဲ့ File တွေ Folder တွေကို ပြပေးမှာဖြစ်ပါတယ်။ ဒီမှာ တစ်ခုသိထားရမှာက <DIR> လို့ပြထားတာတွေက Folder တွေဖြစ်ပြီး <DIR>လို့ မပြထားတာတွေက File တွေဖြစ်ပါတယ်။
အခု D: Drive ထဲက Android OS ဆိုတဲ့ Folder ထဲကိုဝင်ပါမယ်။ ဒါဆိုရင်တော့ မိတ်ဆွေတို့က
cd Android OSလို့ရိုက်ရမှာဖြစ်ပါတယ်။ CD ဆို Change Directory ရဲ့အတိုကောက်ဖြစ်ပြီး Android OS ဆိုတာက ကိုယ်ဝင်ချင်တဲ့ Folder ရဲ့ နာမည်ဖြစ်ပါတယ်။


ဒီသင်ခန်းစာကတော့ ဒီလောက်ပါပဲ။ သင်ခန်းစာနဲ့ပတ်သတ်ပြီးနားမလည်တာရှိရင် sithupaing@gmail.com သို Email ပို့ပြီးမေးမြန်းနိုင်ပါတယ်။ နောက်အပတ်ကျမှသင်ခန်းစာဆက်ပါမယ်။

Related Posts:

  • Huawei G730-U30 B129 Version Root နည်းံHuawei G730 U30 B129 version မှာ v root နဲ မရတော့ ဘူး အဲ့တာကြောင့် boot လေး ပြန်ပြင်ထားပါတယ်။ Phone မှာ fastboot ၀င်ပါ ဒေါင်းရတဲ့ ဖိုင်ထဲက … Read More
  • CSS သင်ခန်းစာ (၂) css_2 Id & Class တကယ်လက်တွေ့ ဒီဇိုင်းရေးလာရင် သင်အသုံးပြုမှာက HTML Tags Selector တွေထက် Id Selectors နဲ့ Class Selectors တွေကိုသုံးမှာပါ၊ ဆိုကြ… Read More
  • Android Application မှာ Voice Recognize လုပ်ခြင်း .... ဒီသင်ခန်းစာက Android Application ရေးတာကို စိတ်ပါဝင်စားသူများအတွက်ပါ။အသံဖြင့်စေခိုင်းတာကို မိမိ Application မှာ နားလည်ပြီးလိုက်လုပ်နိုင်ဖို့ပါ။ Voice … Read More
  • 7061 Root မလုပ်ပဲ Myanmar Font Tool 7061 ကို Root မလိုပဲ Myanmar font နှင့် keyboard တခါတည်း ထည့်သွင်းနိုင်တဲ့ Tool ကောင်းလေးပါ ( install_fonts )bat file ကို  Run ပြီး ထည့်ရုံပါပဲ… Read More
  • Android Developer တိုင်းသိထားသင့်တဲ့ Activity Life Cycle ဒီ post က Android Application ရေးခြင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဖြစ်ပါတယ်။Android မှာ Activity တွေဘယ်လိုအလုပ်လုပ်လဲဆိုတာရှင်းပြပေးထားပါတယ်။Android စန… Read More

0 comments:

Post a Comment