Friday, July 17, 2015

စက္ကန့်ခြောက်ဆယ်အတွင်း အင်တာနက်ပေါ်မှာဘာတွေဖြစ်နေသလဲ...

မိတ်ဆွေလက်ရှိ အသုံးပြုနေတဲ့ အင်တာနက်ဟာ အချိန်နဲ့ အမျှ တိုးတက် နေတဲ့ နေရာတစ်ခုဖြစ်ပြီး အခုလက်ရှိ အချိန်မှာ အင်တာနက် အသုံးပြုသူ လူဦးရေ (၃.၁၃ ဘီလီယျံ၊ သန်းပေါင်း ၃၁၃၀ သန်း) ရှိနေပြီိး အချိန်တိုင်း တိုးတက်နေပါတယ်။
အင်တာနက်ပေါ်က တစ်မိနစ်တာ (စက္ကန့်ခြောက်ဆယ်) အတွင်း ဖြစ်ပေါ်နေတဲ့အရာတွေကို အောက်ပါအတိုင်းတွေ့ရနိုင်ပါတယ်။
Email - အီးမေးလ်ဟာ အင်တာနက်ပေါ်မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပြီိး တစ်မိနစ်အတွင်း အီးမေးလ် အရေအတွက် ၂၀၄ သန်း (204,000,000) ပို့ကြပါတယ်။
Facebook - အခုပို့စ်အပါအဝင် တစ်မိနစ်အတွင်း ဖေ့ဘွတ်ပေါ်မှာ ပို့စ် ပေါင်း ၃.၃ သန်း တင်ကြပါတယ်။
Google - မိမိတို့သိလိုသည့် စီးပွားရေးလုပ်ငန်း၊ ရီဗျူး၊ စာအုပ်၊ ဓါတ်ပုံ အစရှိသဖြင့် အကြောင်းအရာ ပေါင်းစုံကို တစ်မိနစ်အတွင်း ဂူလ်ဂဲလ် တွင် ရှာဖွေ မှုပေါင်း ၄ သန်း ပြုလုပ်ကြပါတယ်။
Instagram (အင်စတာဂရမ်) - ဓါတ်ပုံဖေါ်ပြတဲ့ Site တစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ တစ်မိနစ်အတွင်း ဓါတ်ပုံပေါင်း ၄၁,၀၀၀ ခန့် တင်ကြပါတယ်။
Skype - အင်တာနက်က ဖုန်းခေါ်ဆိုလို့ရတဲ့ စကိုက်(ပ်)ပီ မှာတော့ တစ်မိနစ်အတွင်း ဖုန်းခေါ်ဆိုတဲ့ မိနစ်ပေါင်း ၁.၄ သန်း ပြုလုပ်ကြပါတယ်။ တနည်းအားဖြင့် လူပေါင်း ၁.၄ သန်းခန့် တစ်ပြိုင်တည်း အသုံးပြုကြပါတယ်။
Twitter - စာတိုရေးသားလို့ရတဲ့ တီတာ မှာတော့ တစ်မိနစ်အတွင်း စာတို (Tweet) ပေါင်း ၃၄၂,၀၀၀ (သုံးသိန်းလေးသောင်းနှစ်ထောင်) ခန့် ရေးသားကြပါတယ်။
Wordpress - အင်တာနက် Blog ရေးဖို့သုံးတဲ့ Wordpress မှာတော့ တစ်မိနစ်အတွင်း ဘလောဂ့် ပို့စ်ပေါင်း ၁၃၈၀ ခန့်ရေးသားကြပါတယ်။
Whatsapp - တယ်လီဖုန်းအချင်းချင်း ဆက်သွယ်အသုံးပြုနိုင်တဲ့ Whatsapp မှာတော့ တစ်မိနစ်အတွင်း (SMS) ပေါင်း သန်း ၅၀,၀၀၀ ခန့် ပေးပို့ကြပါတယ်။
Youtube - အင်တာနက် ဗွီဒီယိုတွေ ကြည့်ရှု့နိုင်တဲ့ Youtube မှာတော့ တစ်မိနစ်အတွင်း နာရီ ၁၂၀ စာ ဗွီဒီယို အသစ်တွေ ထပ်မံ တိုးလာပါတယ်။
Picture credit to : https://clt.vtc.edu.hk

0 comments:

Post a Comment