Tuesday, July 7, 2015

ADB ဘယ်လိုအလုပ်လုပ်သလဲ...

ဒီသင်ခန်းစာ မှာ ADB အလုပ်လုပ်ပုံကိုရှင်းပြပေးမှာဖြစ်ပါတယ်။ ADB ဆိုတာ Android Debug Bridge ကိုပြောတာပါ။ Android Device တွေကို Computer ကနေ လှမ်းထိန်းချုပ်နိုင်ဖို့အတွက် ထုတ်ထားပေးတဲ့ ဘက်စုံသုံး Command Line Tools ဖြစ်ပါတယ်။ADB Tools ကို Android SDK ထဲက platform-tools ထဲမှာရယူနိုင်ပါတယ်။ ADB မှာအစိတ်အပိုင်း ၃ပိုင်းပါဝင်ပါတယ်။အဲ့တာကတော့ ADB Clients ၊ ADB Server ၊ ADB Daemon တို့ပဲဖြစ်ပါတယ်။


ADB Clients က Development Machine မှာ အလုပ်လုပ်ပါတယ်။ လွယ်လွယ်ပြောရရင် ကျွန်တော်တို့ Computer မှာ အလုပ်လုပ်ပါတယ်။
ADB Server ကတော့ Development Machine ရဲ့နောက်ကွယ်ကနေအလုပ်လုပ်ပါတယ်။ ADB Server က ADB Clients နဲ့ ADB Daemon တို့ရဲ့ဆက်သွယ်မှု ကို စီမံခန့်ခွဲပေးပါတယ်။
ADB Daemon ကတော့ Emulator သို့မဟုတ် Android Device မှာနောက်ကွယ်ကနေအလုပ်လုပ်ပါတယ်။
ADB Client ကိုစတင်တဲ့အခါမှာ ADB Client က ADB Server အလုပ်လုပ်နေလား မလုပ်ဘူးလားဆိုတာ ပထမဆုံး စစ်ဆေးပါတယ်။ တကယ်လို့ Server အလုပ်မလုပ်နေဘူးဆိုရင်တော့ Server ကို စတင်အလုပ်လုပ်စေပါတယ်။ ADB Server ကစအလုပ်လုပ်ပြီဆိုတာနဲ့ port 5037 ကိုလှမ်းချိတ်ပြီး ADB Client က လာမယ့် Command တွေကို နားထောင်နေပါတယ်။ ADB Client အားလုံးက ADB Server နဲ့ချိတ်ဖို့ port 5037 ကိုအမြဲအသုံးပြုပါတယ်။ပြီးတော့ADB Server က Emulator သို့မဟုတ် Android Device ကိုချိတ်ဆက်ဖို့လုပ်ပါတယ်။ ADB Server က Android Device ရဲ့ port 5555 ကနေ 5585 ကြားရှိ မကိန်း port တွေကို စစ်ဆေးပါတယ်။ ADB Daemon ရှိတဲ့ port ကိုတွေ့သွားတော့မှ Server ကအဲ့ဒီ port ကိုချိတ်ဆက်ပါတယ်။ဒါက ADB Client ၊ ADB Server ၊ ADB Daemon တို့ကြားကဆက်သွယ်အလုပ်လုပ်ပုံပါ။ ADB Server က ပုံမှန်အားဖြင့် သူ့အလိုလိုစတင်ပါတယ်။တကယ်လို့ ADB Server ကိုပြန်စတင်စေချင်ရင်တော့ adb kill-server လို့ Command ပေးပြီးမှ  adb start-server လို့ Command ပြန်ပေးရမှာပါ။


Related Posts:

  • Download CoolPad Stock Rom for all models Coolpad Phone တွေအတွက် Official Firmware များ ကို အောက်က website မှာသွားဒေါင်းနိုင်ပါတယ်။။ <<Firmware Download Site>> … Read More
  • Wifi Protector အင်း အခုနောက်ပိုင်း wifi သုံးတဲ့သူတွေ အခက်တွေ့နေရတာကတော့ wifi killခံရတာပါပဲ။ wifi free ရတဲ့နေရာတွေမှာ တချို့တွေက wifikiller applicationတွေသုံးပြီး … Read More
  • Lenovo A850 Stock Firmware Lenovo A850 အတွက် Official Firmware လေးပါ။။ အောက်က link မှာ down နိုင်ပါတယ်။။ << Download Here >> … Read More
  • Y511-T00 SP Flash Tool Firmware Y511-T00 ကို dload နဲ့Firmware တင်မရသူတွေအတွက် Flashtools Firmware လေးပါ။ အောက်က link မှာ down နိုင်ပါတယ်။ <<Download Here>> … Read More
  • Android Phone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090      Android Phone တွေအတွက် Video Call ပါဝင်လာတဲ့ Viber v5.0.0.4090 ကိုတင်ပေးလိုက်ပါတယ်။လိုချင်တဲ့သူများ အောက်ကလင့်မှာ down နိုင်… Read More

0 comments:

Post a Comment