Saturday, July 18, 2015

အင်တာနက်တွင် ခြိမ်းခြောက်အကြပ်ကိုင်ခံရလျှင်...

၁။ ခြိမ်းခြောက်သူကို (လုံးဝ) အကြောင်းမပြန်ပါနှင့်။
၂။ ခြိမ်းခြောက်သည့် Message များကို Screenshot ယူသိမ်းထားပါ။
၃။ ခြိမ်းခြောက်အကြပ်ကိုင်သူကို ချက်ချင်း Block ပါ။
၎။ မိတ်ဆွေသူငယ်ချင်းများနျှင့် တိုင်ပင်၍ အကူအညီရယူပါ။ မိတ်ဆွေသူငယ်ချင်းများအနေဖြင့်လည်း ခြိမ်းခြောက်အကြပ်ကိုင်သည့် Message များကိုအဆင့်ဆင့် မShare သင့်ပါ။ခြိမ်းခြောက်သူကိုအားပေးရာရောက်ပါသည်။အခြားနည်းလမ်းများဖြင့်သာကူညီသင့်ပါသည်။ခြိမ်းခြောက်သူအား
သက်သေများသိမ်းဆည်းထားကြောင်း ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ပြောနိုင်ပါသည်။ ၀ိုင်း၍ Report လုပ်နိုင်ပါသည်။
၅။ ခြိမ်းခြောက်အကြပ်ကိုင်သူကို Report လုပ်ပါ။ Facebook Account သိလျှင် Facebook ကို Report လုပ်ပါ။ဖုန်းနံပါတ်သိလျှင် သက်ဆိုင်ရာ ဖုန်း Operator ကို ဆက်သွယ်ပြီးတိုင်ပါ။
၆။ သက်သေများပို့၍ရဲတိုင်ပါ။ရဲက မတိုင်လျှင်ဘာမှလုပ်မရပါ။မိမိနှင့်အတူ ခြိမ်းခြောက်အကြပ်ကိုင်ရသူများလာလျှင် ရဲတပ်ဖွဲ့လည်းငြိမ်နေလို့ရတော့မည်မဟုတ်ပါ။ Facebook ရှိ ရဲတပ်ဖွဲ့နှင့် အစိုးရပိုင်း တာဝန်ရှိသူများ၏ Page များသို့ပေးပို့တိုင်တန်းခြင်းလည်းပြုလုပ်သင့်ပါသည်။
၇။ မိမိကိုယ်တိုင်လည်း ကောလဟာလများဖြန့်ဝေခြင်း၊တစ်ဦးတစ်ယောက်အား ပုဂ္ဂိုလ်ရေးထိခိုက်ခြင်းစသည့် Cyber Bully အပြုအမူများကိုရှောင်ရှားဖို့လိုပါသည်။Cyber Bully အပြုအမူများတွင် သတိမမူပဲ ပါဝင်မိနေခြင်း မဖြစ်အောင်သတိပြုဖို့လိုပါသည်။







0 comments:

Post a Comment