Wednesday, July 22, 2015

CSS သင်ခန်းစာ (၁)

css_1

CSS တည်ဆောက်ပုံ
ဒီအခန်းမှာတော့ CSS ရဲ့ တည်ဆောက်ပုံကို ရှင်းပြပါမယ်၊ အောက်မှာ CSS ရဲ့တည်ဆောက်ပုံပါ၊
Selector {property:value;}
အထက်က တည်ဆောက်ပုံကို အစိတ်အပိုင်းနှစ်ပိုင်းခွဲလိုက်မယ်၊  Selector က တစ်ပိုင်း {property:value;} တို့က တစ်ပိုင်း၊ အခု ပထမအပိုင်းဖြစ်တဲ့
Selector ကိုရှင်းပြမယ်၊
Selector
ှSelect ဆိုတာက မှတ်တာပါ၊ Selector ဆိုတော့ မှတ်တဲ့သူပေါ့၊ ဘာတွေကိုမှတ်မှာလဲ ၊ CSS က HTML Document တွေကို
အလှဆင်ဖို့အတွက်သုံးမှာဆိုတော့ HTML Tags တွေကိုမှတ်ရပါမယ်၊ ဥပမာ အားဖြင့် အောက်က HTML စာကြောင်းကိုကြည့်ပါ၊
<html>
<body>
<h1>Long time no see, how're you doing?</h1>
</body>
</html>
အထက်က HTML စာကြောင်းကို Run ကြည့်လိုက်ရင် အဖြေ က အောက်ပါအတိုင်း ရမယ်၊

အထက်က စာသားကိုပဲ ပိုပြီးလှသွားအောင် CSS သုံးပြီး အလှဆင်ချင်သေးတယ်၊  ဒါဆိုရင်တော့ သင်အလှဆင်ချင်တဲ့ အစိတ်အပိုင်းကို မှတ်သားဖို့လိုပါပီ၊
ဒီတော့ အခု အထက်က Long time no see, how’re you doing? ဆိုတဲ့ စာကြောင်းကို ဘယ် HTML Tags က ၀ိုင်းထားလဲဆိုတာကိုကြည့်လိုက်၊
<h1>Long time no see, how're you doing?</h1>
<h1> ဆိုတဲ့ HTML Tags နဲ့ ၀ိုင်းထားတယ်၊ ဒီတော့ အဲ့ဒီ့ HTML Tag ကို Css မှာ အသုံးပြုလိုက်မယ်၊ အသုံးပြုလိုက်မယ်ဆိုတာ CSS ရဲ့ Selector
အဖြစ်သတ်မှတ်လိုက်မယ်လို့ဆိုလိုတယ်၊ အောက်က အတိုင်း
h1 {property:value;}
လို့မှတ်လိုက်၊ ဒါဆိုရင် CSS ရဲ့ တည်ဆောက်ပုံဖြစ်တဲ့ selector { property:value;} ဆိုတဲ့ တည်ဆောက်ပုံထဲက selector ရဲ့ အစိတ်အပိုင်းမှာ h1 လို့
သတ်မှတ်လိုက်ပြီ၊ အဲ့ဒီ့ h1 က သင်အလှဆင်လိုတဲ့ html Doucment ထဲက Long time no see, how’re you doing? ဆိုတဲ့ စာကြောင်းကို ၀ိုင်းထားတဲ့
Tags ကိုညွန်းပါတယ်၊
ဒါကတော့ CSS ရဲ့ Selector ကိုအသုံးပြုပုံပါ၊ သင်အလုပ်လုပ် အလှဆင်လိုတဲ့ HTML Doucment ထဲက အစိတ်အပိုင်းမှန်သမျှကို အဲ့ဒီ့ အစိတ်အပိုင်းတွေကို
ဝိုင်းထားတဲ့ Tags တွေရဲ့ နာမည်တွေကိုယူပြီး CSS ရဲ့ Selector အဖြစ်အသုံးပြုနိုင်ပါတယ်၊
Property & Value
အခု {property:value;} ဆိုတဲ့ အစိတ်အပိုင်းကိုရှင်းပါမယ်၊ Property ဆိုတာက ပိုင်ဆိုင်မူဖြစ်ပြီး Value က တော့ တန်ဖိုးကို ဆိုလိုပါတယ်၊ Property
တစ်ခုနဲ့ သူ့ရဲ့ တန်ဖိုးတွေကို သတ်မှတ်ရာမှာသုံးဖို့ပါ၊ ဆိုကြပါစို့ အရောင် လို့ပြောရင် ဘာအရောင်လဲ၊ အ၀ါလား အနီလား ဆိုတဲ့ တန်ဖိုး
အမျိုးအစားကိုထည့်ပြောဖို့လိုပါတယ်၊  အရောင်တစ်ခုအနေနဲ့ ဥပမာ ပေးရမယ်ဆိုရင်၊ Property က အရောင် ဖြစ်ပြီး value က အဲ့ဒီ့ အရာင်ရဲ့တန်ဖိုး
(ဘာအရောင်လဲ ) ဖြစ်ပါတယ်၊ အခု အ၀ါအရောင်ကိုရေးပြမယ်၊
{color : yellow;}
အထက်က css ကုတ်မှာ color က propetiy ဖြစ်ပြီး yellow က value ဖြစ်ပါတယ်၊ ဒီလို အရောင်တစ်ခု နဲ့ သူ့ရဲ့တန်ဖိုးတစ်ခုကိုပေါင်းလိုက်ပြီးရေးတာကို
Decleration တစ်ခုလုပ်တယ်လို့ခေါ်တယ်၊ အောက်က ဥပမာ ကိုကြည့်ပါ၊
h1{color : yellow;}
အထက်က လိုရေးလိုက်ရင်တော့ h1 ဆိုတဲ့ Selector ရဲ့ အရောင်က အ၀ါရောင်ဖြစ်တယ်လို့သတ်မှတ်လိုက်တာပါ၊ အဲ့ဒီ့ Css ကုတ်ကို အထက်က HTMl

ထဲမှာထည့်လိုက်ရင် Long time no see, how’re you doing? ဆိုတဲ့စာသားက အ၀ါရောင်ဖြစ်သွားမယ်၊ အကြောင်းကတော့ သူကိုဝိုင်းထားတဲ့ h1 ကို CSS

 နဲ့ မှတ်ပြီး အ၀ါရောင်ပြောင်းထားလို့၊ အောက်မှာကြည်



HTMl Doucment ထဲက အစိတ်အပိုင်းတစ်ခုကို CSS သုံးပြီး အလှဆင်တော့မယ် ဆိုရင်ဖြင့် အဲ့ဒီ့ အလှဆင်လိုတဲ့ အစိတ်အပိုင်း ရဲ့ HTML Tag ကိုသုံးရမယ်၊
  CSS ကိုသုံးရာမှာ အလုပ်လုပ်မယ့် အစိတ်အပိုင်းကို သတ်မှတ်ရတယ်၊ အဲ့ဒီ့လို အလုပ်လုပ်မယ့် အစိတ်အပိုင်းကိုသတ်မှတ်တာကို Select
လုပ်တယ်လို့ခေါ်တယ်၊ CSS မှာ Select လုပ်ထားတဲ့ Selector တစ်ခုကို အလှဆင်ရာမှာ အလုပ်လုပ်ရာမှာ property: value ဆိုပြီး သက်ဆိုင်တဲ့အလုပ်ရဲ့
ပိုင်ဆိုင်မူ နဲ့ တန်ဖိုးကိုသတ်မှတ်ရတယ်၊ အဲ့ဒီ့လို ပိုင်းဆိုင်မူနဲ့ တန်ဖိုးကို သတ်မှတ်တာကိုDeclar လုပ်တယ်လို့ခေါ်တယ်၊
သတ်မှတ်ထားတဲ့ Selector တစ်ခုကို Declaration လုပ်တဲ့အခါ တစ်ခုပဲ မလုပ်ပဲ ကြိုက်သလောက် Declar လုပ်လို့ရတယ်၊ အောက်မှာကြည့်ပါ၊
h1{       color : red;
            font-style : italic;
            }
အထက်မှာတော့ Select လုပ်ထားတဲ့ h1 ကို Declaration နှစ်ခုလုပ်ထားတယ်၊ တစ်ခုက စာလုံးအရောင် color အနီရောင် red နဲ့ နောက်တစ်ခုက စာလုံး
စတိုင်း font-style တစ်စောင့် italic; တို့ပါ၊
color : red; က တစ်ခု
font-style : italic; က တစ်ခုပါ၊
အထက်က ဥပမာ မှာ Delar နှစ်ခုပဲလုပ်ထားတယ်၊ တကယ်တော့ ဘယ်နှစ်ခုလုပ်လုပ်ရပါတယ်၊ အရေးတကြီး သတိထားရမှာကတော့ Declare
တစ်ခုလုပ်ပီးတိုင်း နောက်က simicolon(;) ထည့်ပေးဖို့ပါပဲ၊ မပါရင်တော့ မှားကုန်မယ်၊
အထက်က Delcare နှစ်ခုလုပ်ထားတဲ့ CSS ကို HTML Document နဲ့ ချိတ်ပြီး Run လိုက်ရင် အောက်က အတိုင်းစာမျက်နှာကိုတွေ့ရမယ်၊


ဒီသင်ခန်းစာရဲ့ ရည်ရွယ်ချက်က selector {property:value;} တို့ကိုနာလည်ဖို့၊ HTML Document တွေနဲ့ CSS
ဖိုင်တွေဘယ်လိုချိတ်မလဲဆိုတာကို နောက်အခန်းတွေမှာရှင်းပြမယ်၊  Selector {property: value;} တို့ကို နာလည်အောင်လေ့လာပါ။

သင်ကြားသူ- Waifer Kolar

Saturday, July 18, 2015

Coolpad 7251 Firmware တင်နည်း

Coolpad 7251 Firmware တင်ချင်သူများအတွက် Firmware File နှင့် Firmware တင်နည်းအပြည့်အစုံပါ။
        

ပထမဦးစွာ အောက်က File လေးကို Down ပါ။
<< Download Here >>
Down လို့ပြီးရင်တော့ရလာတဲ့ file ကို zip ဖြည်ပါ။ဖြည်လို့ရတဲ့ file ၂ခုကို copy ကူး sdcard ထဲထည့်ပါ။
sdcard ကို phone ထဲသို့ ထည့်ပါ။ပြီရင်တော့ အောက်က Firmware ကို Download ဆွဲပါ။

<< Coolpad 7251 Firmware Download >>

1. Driver အရင်ဆုံးတင်ပေးထားပါ။

2. Qulcommm ကိုဖွင့်ပါ။
3. Download ကို click နှိပ်ပါ။


 4./5. Select ရွေး firmware file location ကိုသွား OK ပေးပါ။
          
     


  6./7. Unlock နှိပ် OK နှိပ်ပါ။





8./9. Emergency check box အမှန် ခြစ်၊ Download ကိုနှိပ်ပါ။

  

10. Phone ကို USB ကြိုးထိုးပြီး မှ battery တက်ပါ အဆင်ပြေသွားပါလိမ့်မည်။

               
            
        

အင်တာနက်တွင် ခြိမ်းခြောက်အကြပ်ကိုင်ခံရလျှင်...

၁။ ခြိမ်းခြောက်သူကို (လုံးဝ) အကြောင်းမပြန်ပါနှင့်။
၂။ ခြိမ်းခြောက်သည့် Message များကို Screenshot ယူသိမ်းထားပါ။
၃။ ခြိမ်းခြောက်အကြပ်ကိုင်သူကို ချက်ချင်း Block ပါ။
၎။ မိတ်ဆွေသူငယ်ချင်းများနျှင့် တိုင်ပင်၍ အကူအညီရယူပါ။ မိတ်ဆွေသူငယ်ချင်းများအနေဖြင့်လည်း ခြိမ်းခြောက်အကြပ်ကိုင်သည့် Message များကိုအဆင့်ဆင့် မShare သင့်ပါ။ခြိမ်းခြောက်သူကိုအားပေးရာရောက်ပါသည်။အခြားနည်းလမ်းများဖြင့်သာကူညီသင့်ပါသည်။ခြိမ်းခြောက်သူအား
သက်သေများသိမ်းဆည်းထားကြောင်း ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ပြောနိုင်ပါသည်။ ၀ိုင်း၍ Report လုပ်နိုင်ပါသည်။
၅။ ခြိမ်းခြောက်အကြပ်ကိုင်သူကို Report လုပ်ပါ။ Facebook Account သိလျှင် Facebook ကို Report လုပ်ပါ။ဖုန်းနံပါတ်သိလျှင် သက်ဆိုင်ရာ ဖုန်း Operator ကို ဆက်သွယ်ပြီးတိုင်ပါ။
၆။ သက်သေများပို့၍ရဲတိုင်ပါ။ရဲက မတိုင်လျှင်ဘာမှလုပ်မရပါ။မိမိနှင့်အတူ ခြိမ်းခြောက်အကြပ်ကိုင်ရသူများလာလျှင် ရဲတပ်ဖွဲ့လည်းငြိမ်နေလို့ရတော့မည်မဟုတ်ပါ။ Facebook ရှိ ရဲတပ်ဖွဲ့နှင့် အစိုးရပိုင်း တာဝန်ရှိသူများ၏ Page များသို့ပေးပို့တိုင်တန်းခြင်းလည်းပြုလုပ်သင့်ပါသည်။
၇။ မိမိကိုယ်တိုင်လည်း ကောလဟာလများဖြန့်ဝေခြင်း၊တစ်ဦးတစ်ယောက်အား ပုဂ္ဂိုလ်ရေးထိခိုက်ခြင်းစသည့် Cyber Bully အပြုအမူများကိုရှောင်ရှားဖို့လိုပါသည်။Cyber Bully အပြုအမူများတွင် သတိမမူပဲ ပါဝင်မိနေခြင်း မဖြစ်အောင်သတိပြုဖို့လိုပါသည်။







VIVO Y15 Root ပြုလုပ်နည်း

VIVO Y15 ကို Root ပြုလုပ်ချင်သူတွေအတွက်ပါ။ ပထမဦးစွာ Insecure Boot Image ကို အောက်ကလင့်မှာ Download ဆွဲပါ။
<< VIVO Y15 Insecure Boot Image Download >>
- Download လုပ်လို့ရလာတဲ့ Vivo_Y15_InsecureBoot.img ကို Right Click နှိပ် Rename ကိုရွေးပြီး boot လို့ နာမည်ပြောင်းပေးပါ။
- ၄င်း boot file ကို fastboot folder ထဲသို့ Copy ကူးထည့်ပါ။
- Phone ကို fastboot mode ခေါ်ပြီး Computer နှင့်ချိတ်ပါ။
- fastboot folder ထဲတွင် Shift + Right Click နှိပ် ကျလာသော menu box ထဲတွင် Open command window here ကိုရွေးပြီး CMD Box ခေါ်ပါ။
- CMD Box ထဲတွင် fastboot flash boot boot.img လို့ရိုက်ပြီး Enter ခေါက်ပါ။
ဒါဆိုရင် Insecure Boot ကို flash လို့ပြီးပြီဖြစ်သည်။ Phone ကို Power ပြန်ဖွင့်ပြီး iRoot နဲ့ Root ပါ။

Friday, July 17, 2015

စက္ကန့်ခြောက်ဆယ်အတွင်း အင်တာနက်ပေါ်မှာဘာတွေဖြစ်နေသလဲ...

မိတ်ဆွေလက်ရှိ အသုံးပြုနေတဲ့ အင်တာနက်ဟာ အချိန်နဲ့ အမျှ တိုးတက် နေတဲ့ နေရာတစ်ခုဖြစ်ပြီး အခုလက်ရှိ အချိန်မှာ အင်တာနက် အသုံးပြုသူ လူဦးရေ (၃.၁၃ ဘီလီယျံ၊ သန်းပေါင်း ၃၁၃၀ သန်း) ရှိနေပြီိး အချိန်တိုင်း တိုးတက်နေပါတယ်။
အင်တာနက်ပေါ်က တစ်မိနစ်တာ (စက္ကန့်ခြောက်ဆယ်) အတွင်း ဖြစ်ပေါ်နေတဲ့အရာတွေကို အောက်ပါအတိုင်းတွေ့ရနိုင်ပါတယ်။
Email - အီးမေးလ်ဟာ အင်တာနက်ပေါ်မှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပြီိး တစ်မိနစ်အတွင်း အီးမေးလ် အရေအတွက် ၂၀၄ သန်း (204,000,000) ပို့ကြပါတယ်။
Facebook - အခုပို့စ်အပါအဝင် တစ်မိနစ်အတွင်း ဖေ့ဘွတ်ပေါ်မှာ ပို့စ် ပေါင်း ၃.၃ သန်း တင်ကြပါတယ်။
Google - မိမိတို့သိလိုသည့် စီးပွားရေးလုပ်ငန်း၊ ရီဗျူး၊ စာအုပ်၊ ဓါတ်ပုံ အစရှိသဖြင့် အကြောင်းအရာ ပေါင်းစုံကို တစ်မိနစ်အတွင်း ဂူလ်ဂဲလ် တွင် ရှာဖွေ မှုပေါင်း ၄ သန်း ပြုလုပ်ကြပါတယ်။
Instagram (အင်စတာဂရမ်) - ဓါတ်ပုံဖေါ်ပြတဲ့ Site တစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ တစ်မိနစ်အတွင်း ဓါတ်ပုံပေါင်း ၄၁,၀၀၀ ခန့် တင်ကြပါတယ်။
Skype - အင်တာနက်က ဖုန်းခေါ်ဆိုလို့ရတဲ့ စကိုက်(ပ်)ပီ မှာတော့ တစ်မိနစ်အတွင်း ဖုန်းခေါ်ဆိုတဲ့ မိနစ်ပေါင်း ၁.၄ သန်း ပြုလုပ်ကြပါတယ်။ တနည်းအားဖြင့် လူပေါင်း ၁.၄ သန်းခန့် တစ်ပြိုင်တည်း အသုံးပြုကြပါတယ်။
Twitter - စာတိုရေးသားလို့ရတဲ့ တီတာ မှာတော့ တစ်မိနစ်အတွင်း စာတို (Tweet) ပေါင်း ၃၄၂,၀၀၀ (သုံးသိန်းလေးသောင်းနှစ်ထောင်) ခန့် ရေးသားကြပါတယ်။
Wordpress - အင်တာနက် Blog ရေးဖို့သုံးတဲ့ Wordpress မှာတော့ တစ်မိနစ်အတွင်း ဘလောဂ့် ပို့စ်ပေါင်း ၁၃၈၀ ခန့်ရေးသားကြပါတယ်။
Whatsapp - တယ်လီဖုန်းအချင်းချင်း ဆက်သွယ်အသုံးပြုနိုင်တဲ့ Whatsapp မှာတော့ တစ်မိနစ်အတွင်း (SMS) ပေါင်း သန်း ၅၀,၀၀၀ ခန့် ပေးပို့ကြပါတယ်။
Youtube - အင်တာနက် ဗွီဒီယိုတွေ ကြည့်ရှု့နိုင်တဲ့ Youtube မှာတော့ တစ်မိနစ်အတွင်း နာရီ ၁၂၀ စာ ဗွီဒီယို အသစ်တွေ ထပ်မံ တိုးလာပါတယ်။
Picture credit to : https://clt.vtc.edu.hk

Thursday, July 16, 2015

HTML သင်ခန်းစာ (၂)

HTML  heading
သတင်းစာတွေမှာ ခေါင်းစဉ်စားလုံးကိုအကြီးနဲ့ရေးကြပါတယ်၊ ဒီလိုပဲ သင့်ဝက်ဆိုကမှာလဲ ခေါင်းစဉ်စာလုံးတွေကို စာလုံးအကြီးနဲ့ ရေးလိုရပါတယ်၊ စာလုံး
အကြီး တွေကို 1 က နေ 6 အထိ တဖြည်းဖြည်း သေးသွားတယ်၊ h1 က အကြီးဆုံးဖြစ်ပြီး h6 က အသေးဆုံး၊ HTML Tag တွေရဲ့သဘာဝအတိုင်း သူတို့အား
လုံး မှာ အဖွင့်အပိတ်ဆိုပြီးရှိကြတယ်၊ အောက်က ဥပမာ ကို ကြည့်၊
<!DOCTYPE html>
<html>
<head>
<title>My Web Page </title>
</head>
<body>
<h1> ခေါင်းစဉ်အရွယ်အစား 1 စာလုံး </h1>
<h2> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h2>
<h3> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h3>
<h4> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h4>
<h5> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h5>
<h6> ခေါင်းစဉ်အရွယ်အစား 1 စာလုံး</h6>
</body>
</html>

HTML သင်ခန်းစာ (၁)

HTML သင်ခန်းစာ (၁)

HTML Basic Form or Frame
HTML မှာ အခြေခံတည်ဆောက်ပုံရှိတယ်၊ HTML ရဲ့ Frame လို့ခေါ်တယ်၊ HTML Document တစ်ခုကိုရေးတိုင်း HTML Frame
ကပါကိုပါရမယ်၊ အောက်မှာ အခြေခံ HTML Frame ကိုတည်ဆောက်ပုံကို တဆင့်စီရှင်းပြမယ်၊
ပထမအဆင်
 ဒီအဆင့်မှာတော့ အခုရေးမှာက HTML Document ဖြစ်ကြောင်း ကိုပြောတဲ့ Document type ဆိုတဲ့ Document အမျိုးအစားကို HTML ကို
ဘာသာပြန်မယ့် browser ကသိအောင် မိတ်ဆက်မယ်၊ ဒီအတွက်သုံးတဲ့ သင်္ကေသကတော့ <!DOCTYPE html> ပါ၊ <!DOCTYPE html> သင်္ကေသ
ကို သင်ရေးတဲ့ HTML Document တိုင်းရဲ့ ထိပ်ဆုံးမှာထည့်ပေးရပါတယ်၊ ဒါမှ အဲ့ဒီ့ စာမျက်နှာကို ဘာသာပြန်မယ့် web browser က ဘယ်လို Doucment
အမျိုးအစားလဲဆိုတာကို သိပြီး လွယ်လွယ်ကူကူ ဘာသာပြန်နိုင်မယ်၊

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတစ်ဦး၏ အောင်မြင်ခြင်း လှျို့ဝှက်ချက်များ

ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတစ်ဦး၏ အောင်မြင်ခြင်း လှျို့ဝှက်ချက်များ
================
ရေးသူ-စည်သူ
မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူအရေအတွက် များပြားလာခြင်းနှင့်အတူ Mark Zuckerberg ဟူသော အမည်သည်လည်း တစ်စ ထက် တစ်စ ကျော်ကြားလာလျှက်ရှိသည်။ Mark Zuckerberg တစ်ယောက် Facebook.com ကို ဘယ်လို တည်ထောင် ခဲ့ပါသလဲ။ ငွေကြေးချမ်းသာသူတစ်ဦးမဖြစ်ခဲ့သော Zuckerberg တစ်ယောက် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလီယံနာတစ်ဦး ဖြစ် လာအောင် ဘယ်လိုလမ်းကိုလျှောက်ခဲ့ပါသလဲ။ Facebook ဆိုသော လူမှုဆက်ဆံရေး မီဒီယာကြီးတစ်ခုဖြစ်အောင် Mark Zuckerberg တစ်ယောက်တည်ထောင်ခဲ့ရပုံမှာ စိတ်ဝင်စားစရာ ကောင်းသည်ကတော့ အမှန်ပင်ဖြစ်၏။

Wednesday, July 15, 2015

Android Developer တိုင်းသိထားသင့်တဲ့ Activity Life Cycle

ဒီ post က Android Application ရေးခြင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ဖြစ်ပါတယ်။Android မှာ Activity တွေဘယ်လိုအလုပ်လုပ်လဲဆိုတာရှင်းပြပေးထားပါတယ်။Android စနစ်မှာ အခြား Programming တွေမှာအသုံးပြုတဲ့ main() method ကနေစတင်အလုပ်လုပ်တဲ့နည်းလမ်းမျိုးကိုမသုံးပါဘူး။Activity တစ်ခုရဲ့ code တွေကို ၄င်းရဲ့သက်ဆိုင်ရာအဆင့်မှာရှိတဲ့ Life Cycle callback methods တွေကိုခေါ်ယူခြင်းဖြင့် အစပြုမှာဖြစ်ပါတယ်။

Activity တစ်ခုစတင်ခြင်း

User က App Icon ကိုနှိပ်လိုက်တဲ့အခါ Main Activity လို့သတ်မှတ်ပေးခဲ့တဲ့ Activity ရဲ့ onCreate() method ကို System ကစတင်ခေါ်ယူအလုပ်လုပ်ပါတယ်။ တဆက်တည်းပဲ onStart(), onResume() ဆိုတဲ့ Methods များအလုပ်လုပ်ပါတယ်။တကယ်တော့ Activity များဟာ onCreate မှာ Activity ကိုစတင်ဖန်တီးပြီး onStart()အခြေအနေမှာ App ကိုScreenမှာစတင်မြင်ရမှာဖြစ်ပါတယ်။Created နဲ့ Started အခြေအနေများမှာကြာရှည်တည်ရှိမှာမဟုတ်ဘဲ Resumed အခြေအနေမှာ နောက်ထပ်အပြောင်းအလဲတွေမဖြစ်မခြင်းတည်ရှိနေမှာဖြစ်ပါတယ်။

Activity ကို Pause , Resume , Restart နဲ့ Destory လုပ်ခြင်း

တကယ်လို့Activity နောက်တခုကိုပြောင်းလိုက်ရင် first activity က onPause(),onStop() method ကိုခေါ်ပြီး Second Activity ရဲ့ onCreate(), onStart(), onResume() Method တွေအလုပ်လုပ်ပါတယ်။ Second Activity ကနေ First Activity ကိုပြန်ပြောင်းရင် Second Activity ရဲ့ onPause(),onStop() Method အလုပ်လုပ်ပြီး First Activity ရဲ့ onCreate(),onStart(),onResume() Method ကိုခေါ်ပြီးအလုပ်လုပ်ပါတယ်။ တကယ်လို့ မိတ်ဆွေတို့ရဲ့ App က Home နှိပ်ပြီးထွက်ခဲ့မယ်ဆိုရင် နောက်ဆုံးရောက်နေတဲ့ Activity က onPause(), onStop() Method မှာအလုပ်လုပ်ပြီးကျန်ခဲ့မှာပါ။Home နှိပ်ပြီးထွက်ထားရာက ၄င်း App ထဲပြန်ဝင်ရင် onRestart() Method နဲ့ onStart(), on Resume()တို့ကအလုပ်ပြန်လုပ်ပါတယ်။ Home မနှိပ်ဘဲ Back နှိပ်ပြီး App ထဲကထွက်မယ်ဆိုရင်တော့ onPause(), onStop() Method များအပြင် onDestory() Method ကိုပါခေါ်ပြီးအလုပ်လုပ်မှာဖြစ်ပါတယ်။