C++ သင်ခန်းစာ (၂)
High Level Programming Language ဆိုတာ Computer အား သင်ကြားရာတွင်
Machine code တွေမသုံးပဲ လူသားတွေ စကားပြောဆိုသကဲ့သို့ English
စကားလုံးတွေနဲ့ သင်ကြားပေးနိုင်တဲ့ Programming Languageမျိုး ဖြစ်တယ်
C, C++,C#, VB, Javaစသည်ဖြင့် high level programming language
များစွားရှိတယ် ။ high level programming language တွေကို ကျတော်တို့က
နားလည်ပေမယ့် Computer ကတော့နားလည်မှာမဟုတ်ဘူး ။ဒီတော့ Computer
နားလည်ဖို့ Machine language ပြောင်းပေးရတယ်။ အဲ့ဒီလိုပြောင်းလဲပေးတာကို
Compile လုပ်တယ်လို့ခေါ်တယ်။ Compile လုပ်ဖို့ သုံးတဲ့ Software ကို
Compiler လို့ခေါ်တယ်။ high level programming language တိုင်းမှာ Compiler
ရှိပါတယ်။ ဒီလောက်ဆို High Level Programming Languageဆိုတာ
ဘာလဲသိလောက်ပြီထင်ပါတယ်။ နောက်သင်ခန်းစာက စပြီးတော့ အဲ့ဒီ high level
programming language တွေထဲက C++ language ကိုစတင်သင်ကြားပေးမှာပဲဖြစ်ပါတယ