Sunday, June 22, 2014

C++ Lesson (1)

C++ သင်ခန်းစာ (၁)

Computer programmingဆိုတာ ?
Computer Programming ဆိုတာ Computerကိုအလုပ်လုပ်တတ်အောင်သင်ပေးခြင်းဖြစ်တယ်။ အသုံးပြုသူ User က ထည့်သွင်းတဲ့အချက်အလက်တွေပေါ်မူတည်ပြီး ဘယ်လိုအခြေနေမှာဘယ်လိုလုပ်လို့သင်ပေးထားရတာပါ။ ဒါပေမယ့် computerကိုသင်မယ်ဆိုတော့ computerနားလည်တဲ့ ဘာသာစကားနဲ့သင်ရမှာပေါ့။Computerက စက်ပစ္စည်းလေ သူနားလည်တာ on /off signal တွေပေါ့။ ဒါကိုပဲ Machine Language လို့ခေါ်တယ်။လူတွေပြောဆိုနေတဲ့ဘာသာစကားတော့သူ ဘယ်နားလည်မှာလဲ ။ဒီတော့ ကျတော်တို့ကပဲ computer နားလည်မယ့် ဘာသာစကားနဲ့ သင်ပေးရမှာပေါ့။ အဲ့ဒါကို low level programming language လို့လည်းခေါ်တယ်။ဒါကတော့ programming ရဲ့ အစ ကနဦးကပေါ့။ဒါဆို program ရေးမယ့်လူက low level programming language ကိုမဖြစ်မနေနားလည်ရမှာလား ....? အဲ့ဒီလိုလည်းမဟုတ်သေးပါဘူး... ရှေ့လူတွေတီထွင်ခဲ့လို့ Pogramရေးရာမှာ လူသားတွေရဲ့ဘာသာစကားနဲ့ပဲရေးလို့ရနေပါပြီ။ ဒါပေမယ့် သူတို့သတ်မှတ်ထားတဲ့စည်းမျည်းအတိုင်းတော့ရေးရမှာပေါ့။ အဲ့ဒါကို high level programming language လို့ခေါ်ပါတယ်။ဒါဆို high level programming language တွေကဘာတွေပါလိမ့်။ နောက်သင်ခန်းစာမှပဲအသေးစိတ်ဆက်ရှင်းပြပါ့မယ် ။

Related Posts:

  • C++ Lesson (2) C++ သင်ခန်းစာ (၂) High Level Programming Language ဆိုတာ Computer အား သင်ကြားရာတွင် Machine code တွေမသုံးပဲ လူသားတွေ စကားပြောဆိုသကဲ့သို့ English … Read More
  • Allwinner CPU သုံး Tablet များကို Firmwareတင်နည်း Requirements: LiveSuit Application Firmware Image File(.img) -ပထမဦးစွာ LiveSuit Folder ထဲဝင်ပြီး LiveSuit Pack_version.....exeကို runပေးပါ။ကျလာသေ… Read More
  • C++ Lesson (7) C++ သင်ခန်းစာ ( ၇ ) ဒီသင်ခန်းစာကစပြီး program စရေးပါတော့မယ်။ Program စရေးမယ်ဆိုရင် ဘာအတွက်ရေးမယ်ဆိုတာ တိတိကျကျသိရပါမယ်။ ပထမဆုံးအနေနဲ့screen … Read More
  • C++ Lesson (6) C++ သင်ခန်းစာ (၆) ပြီးခဲ့တဲ့ သင်ခန်းစာမှာ ကျတော်တို့Turbo C++ ကို install လုပ်ခဲ့ကြပါတယ်။ အဲ့ ဒီတုန်းက C:\TC ထဲမှာ install လုပ်ခဲ့တာပါ။ဒီသင… Read More
  • C++ Lesson (5) C++ သင်ခန်းစာ ( ၅ ) ဒီသင်ခန်းစာမှာ Turbo C++ IDE ကို မိမိ Computer ထဲမှာ Install လုပ်ပုံ အဆင့်ဆင့် ကိုရှင်းပြပေးပါမယ်။ပထမဦးစွာ Turbo C++ … Read More

0 comments:

Post a Comment