1:01 PM / by Unknown / in Programming / with No comments /
C++ သင်ခန်းစာ (၆)
ပြီးခဲ့တဲ့ သင်ခန်းစာမှာ ကျတော်တို့Turbo C++ ကို install
လုပ်ခဲ့ကြပါတယ်။ အဲ့ ဒီတုန်းက C:\TC ထဲမှာ install
လုပ်ခဲ့တာပါ။ဒီသင်ခန်းစာမှာတော့ Turbo C++ အသုံးပြုပုံလေးကို အနည်းငယ်ရှင်းပြပါ့မယ်။ပထမဦးစွာ
C drive ထဲက TC Folder ထဲက Bin ထဲဝင်ပါ။ ၎င်းFolderထဲက TC.exe ကို double
click ပြီး run ပေးပါ။
Full screen မပေါ် နိုင်ကြောင်း message box ကျလာရင်
Ignore ကိုရွေးပေးပါ။ဒါဆိုရင်အပြာရောင် screen
နဲ့ Turbo C++ ပွင့်လာပါပြီ။ အပေါ်ဘက်ရှိ File menu ထဲက New ကိုရွေးပေးပါ။
ကျလာသော text box ထဲမှာ C++ Code တွေရိုက်ရမှာဖြစ်ပါတယ်။ ၎င်း source code
တွေကို သိမ်းချင်ရင် File menuထဲက Save ဒါမှမဟုတ် F2 နဲ့ သိမ်းပါတယ်။
source code တွေကို .cpp ဖိုင် အနေနဲ့ save ရမှာပါ။ save ထားသော cpp file
ကို Compile လုပ်ချင်ရင် အပေါ်ဘက် Compile menu ထဲက Compile ကိုရွေး
ဒါမှမဟုတ် Alt+ F9 နဲ့ compile လုပ်ရမှာပါ။ cpp file ကို compile
လုပ်လိုက်ရင် .obj file ရပါတယ်။ ၎င်းကို run ချင်ရင်တော့ Run Menu ထဲက Run
ဒါမှမဟုတ် Ctrl+ F9 နဲ့ Run ရမှာပါ ။ Obj file ကို runလိုက်ရင် တော့
ကျတော်တို့program က .exe နဲ့ windows မှာrunနိုင်သော application
တခုဖြစ်ပါပြီ။်
0 comments:
Post a Comment