Sunday, June 22, 2014

C++ Lesson (7)

C++ သင်ခန်းစာ ( ၇ )

ဒီသင်ခန်းစာကစပြီး program စရေးပါတော့မယ်။ Program စရေးမယ်ဆိုရင် ဘာအတွက်ရေးမယ်ဆိုတာ တိတိကျကျသိရပါမယ်။ ပထမဆုံးအနေနဲ့screen ပေါ်မှာ Hello! Are you OK ? ဆိုတဲ့စာကြောင်း တစ်ကြောင်းပေါ်အောင်ရေးကြည့်ရအောင်။ကျတော်တို့ရေးထားတဲ့ program ကို run လိုက်တာနဲ့ computer screen မှာ Hello! Are you OK ? ဆိုပြီးပေါ်လာရပါမယ်။ကဲ C:\TC\BIN ထဲက TC.exe ကို run လိုက်ပါ။ Turbo C++ ပွင့်လာပါလိမ့်မယ်။အောက်ကအတိုင်း code တွေလိုက်ရေးပါ။


 

#include <iostream.h>
void main ()
{
cout<<"Hello! Are you OK ?";
}
ပြီးရင် အဲ့ဒီ program ကိုနာမည်တစ်ခုပေးပြီး save ပါ။ ပြီးနောက် compile လုပ်ပြီး run ကြည့်ပါ။CMD Box ဖြင့် Hello! Are you OK ? ဆိုသောစာကြောင်းပေါ်လာပြီးပြန်ပျောက်သွားပါလိမ့်မယ်။ကဲဒါဆို coding ကိုရှင်းပြပါ့မယ်။c++ language မှာ အနည်းဆုံး အလုပ်လုပ်ပေးမယ့် function တစ်ခုပါရပါမယ်။တစ်ခုထက်ပိုလည်းရပါတယ်။ပြီးတော့ program ကို run ရင်စပြီးအလုပ်လုပ်မယ့် function ကို main လို့နာမည်ပေးရပါတယ်။ကျန်တဲ့ function တွေကိုတော့ ကြိုက်ရာနာမည်ပေးလို့ရပါတယ်။ဆိုလိုတာက c++ language မှာအနည်းဆုံး main function တစ်ခုပါရမယ်ပေါ့။ကျတော်တို့ရေးထားတဲ့ program မှာ ဒုတိယစာကြောင်းက main function ကြေငြာတာပါ။main နောက်က () က function တစ်ခုဖြစ်ကြောင်းသတ်မှတ်ချက်ဖြစ်ပြီး၊ void ဆိုတာက ဒီ function ထဲကအချက်အလက်တွေကိုတခြား function တွေထံ ပြန်ပို့စရာမလိုဘူး return ပြန်စရာမလိုဘူးဆိုလိုတာပါ။c++ မှာ function တစ်ခုကို open brace သင်္ကေတ { နဲ့စပြီး close brace သင်္ကေတ } နဲ့ဆုံးရပါတယ်။ (3)ကြောင်းမြောက် { နဲ့(5)ကြောင်းမြောက် } က main function ရဲ့ အစနဲ့အဆုံးပါ။(4) ကြောင်းမြောက် cout ဆိုတာ console out လို့ပြောတာပါ။ဆိုလိုတာက screen ပေါ်မှာပြပေးခိုင်းတာပါ။coutကို << သင်္ကေတနဲ့တွဲသုံးရမယ်လို့သတ်မှတ်ထားပါတယ်။မိမိပေါ်စေချင်တဲ့စာသားကိုတော့ double quote " " အဖွင့်အပိတ်ကြားမှာရေးရမယ်လို့သတ်မှတ်ထားပါတယ်။ပြီးတော့ semicolon သင်္ကေတကတော့ စာကြောင်း statement တစ်ကြောင်းပြီးပြီဆိုတဲ့ဖော်ပြချက်ပါ။
#include <iostream.h> ကတော့ cout<< ဆိုသော statement အလုပ်လုပ်ဖို့လိုအပ်တာတွေ iostream.h ဆိုတဲ့ header file ထဲမှာရှိကြောင်းကြိုတင်ညွန်ကြားထားတာပါ။အဲ့ဒါကို preprocessor directive လို့ခေါ်ပါတယ်။

***** နားမလည်၊ မရှင်းလင်းသည်များကို comment ပေးပြီးမေးနိုင်ပါတယ်။ *****

0 comments:

Post a Comment