Sunday, June 22, 2014

C++ Lesson (4)

C++ သင်ခန်းစာ ( ၄ )

IDE ဆိုတာ...?
IDE ( Integrated Development Environment ) ဆိုတာ Programmer တွေအတွက် လိုအပ်တဲ့ software တွေကိုစုထားတဲ့ Application Software တစ်ခုဖြစ်တယ်။ဒီနေရာမှာ Programmerတစ်ယောက်ရဲ့ လုပ်ငန်းစဉ်ကို နည်းနည်းရှင်းပြချင်ပါတယ်။Program ရေးရာမှာ ပထမဆုံး Source Code တွေ စရေးရပါတယ်။၎င်းSource Code တွေကို စက်နားလည်တဲ့ machine code တွေအဖြစ် Compile လုပ်ပေးရပါတယ်။ပြီးတော့ ကိုယ်ရေးတဲ့ Program အဆင်ပြေမပြေ Run ပြီးစမ်းကြည့်ရပါတယ် ။ Run ကြည့်လို့ errors ဖြစ်ခဲ့ရင်ပြန်ပြီး Debug (အမှားပြင်)ရပါတယ်။ဒီတော့ Source Code ရေးဖို့ Notepad လိုမျိုး စာရေးလို့ရတဲ့ Source Code Editor လိုပါတယ်။ Compile လုပ်ဖို့ သက်ဆိုင်ရာ Language ရဲ့ Compiler လိုပါတယ်။အဆင်ပြေမပြေ Run ကြည့်ဖို့လည်း software လိုပါတယ် ။ အဲ့ဒီလို Program ရေးရာမှာလိုအပ်တဲ့ Application Software တွေကို Application တစ်ခုအဖြစ်ဖန်တီးထားတာကို IDE လို့ ခေါ်တာပါ။IDE ကိုသုံးတော့ ကျတော်တို့အတွက်အလုပ်ရှုပ်သက်သာတာပေါ့။ အခုကျတော် သင်ကြားပေးမယ့် C++ language အတွက်လည်း IDE တွေများစွာရှိပါတယ် ။ Turbo C++, Visual C++, CodeBlocks စသည်ဖြင့် နှစ်သက်ရာ IDE ကိုသုံးနိုင်ပါတယ်။ကျတော်ကတော့ Turbo C++ ကိုသုံးပြီးသင်ကြားပေးမှာပါ။
နောက်သင်ခန်းစာမှာ Turbo C++ Install လုပ်ပုံကိုဆက်ရှင်းပြပေးပါ့မယ်။

Related Posts:

  • C++ Lesson (2) C++ သင်ခန်းစာ (၂) High Level Programming Language ဆိုတာ Computer အား သင်ကြားရာတွင် Machine code တွေမသုံးပဲ လူသားတွေ စကားပြောဆိုသကဲ့သို့ English … Read More
  • Allwinner CPU ဆိုတာ Allwinner CPU ဆိုတာ Android Tablet တော်တော်များများမှာ သုံးထားတဲ့ CPU အမျိုးအစားဖြစ်ပါတယ်။momo tabletတို့ SYH တို့ aoson တို့ Ondaတို့ စတဲ့ br… Read More
  • C++ သင်ခန်းစာ (၈) ဒီသင်ခန်းစာမှာ Variable အကြောင်းရှင်းပြပါမယ်။Variable ဆိုတာ အသုံးပြုသူထည့်ပေးလိုက်တဲ့ dataတွေလက်ခံဖို့ဖြစ်စေ ။ program ကတွက်ထားပြီးသား dataတွေ သိမ်… Read More
  • Allwinner CPU သုံး Tablet များကို Firmwareတင်နည်း Requirements: LiveSuit Application Firmware Image File(.img) -ပထမဦးစွာ LiveSuit Folder ထဲဝင်ပြီး LiveSuit Pack_version.....exeကို runပေးပါ။ကျလာသေ… Read More
  • C++ Lesson (5) C++ သင်ခန်းစာ ( ၅ ) ဒီသင်ခန်းစာမှာ Turbo C++ IDE ကို မိမိ Computer ထဲမှာ Install လုပ်ပုံ အဆင့်ဆင့် ကိုရှင်းပြပေးပါမယ်။ပထမဦးစွာ Turbo C++ … Read More

0 comments:

Post a Comment